Professional Authors

ယနေ့ တိုင်……..

အသည်းကွဲသမားတဲ့
စကားလုံးတွေနဲ့  ထိုးနှက်ခံနေရ
 မင်းထားသွားတဲ့ ငါ ………
 မင်းအပေါ်ယုံကြည်ပြင်းပြမှုနဲ့ 
 ယောက်ျားတယောက်ရဲ့ အချစ်တို့ 
 တမြေ့ မြေ့ လောင်းကျွမ်းလို့ နေပြီ

ဘယ်လို့ အငြိုးနဲ့  ကျိန်စာတိုက်ခဲ့တာလည်း
 ဖွင့်ဟ၀န်ခံဖို့  စကားလုံးတွေ ရှားပါးကုန်ပြီလား
 ပျော်ရွှင်မယ်ဆို လုပ်သွားလိုက်ပါ
 မင်းနောက်လှည့်မကြည့်ခဲ့တဲ့ ငါ…….
 ကြေကွဲမှုတွေ ထွေးပိုက်ရင်း
 နင်ပြန်လာမဲ့ လမ်း စောင့်ကြို့ လို့ နေလေရဲ့
 ဘယ်လို့  ကံကြမ္မာကများ ဝေးကွာဖို့  ဖန်တီးလိုက်တာလဲ

မင်းပေးခဲ့တဲ့  ရလဒ်တွေနဲ့ လွဲမှားစွာ
 ချစ်ခဲ့မိတာ အပြစ်တခုလား မိန်းကလေးရယ်
တစုံတခုကြောင့် ထွက်ပြေးတိမ်းရှောင်လို့ 
တို့ ရဲ့ အတိတ်ဟောင်းတွေက ယနေ့ တိုင်
ဖျောက်ဖျတ်လို့ မရတဲ့ ပုံရိပ်တွေနဲ့ 
ငါဆိုတာ နေ၀င်မိုးချူပ်လို့  မင်းအကြောင်းကို
စဉ်းစားရင်း ပတ်ဝန်းကျင်နဲ့  အဆက်ပျက်ဖူးတယ်
အရာအားလုံးကို သိမ်းပိုက်လို့  အထီးကျန်အောင်

ပြုစားခဲ့တယ်နော်……….
စိတ်မကွပ်ပါဘူး  အရာအားလုံး မင်းသဘောပါ
ပေးခဲ့ဖူးတဲ့ အချစ်ကိုတော့ နှမြောမိတယ်
နားလည်မှုကို ခါးသီးစွာနဲ့ တစိုက်မတ်မတ်
ခံစားရင် ငါဆိုတာ ရင်ဘက်ထဲက ….
မင်းကို ဆွဲထုတ်ဖို့  ယနေ့ တိုင် မကြိုးစားခဲ့ပါဘူး
ကောင်မလေးရယ်………………….

 

 

( အသည်းကွဲနေတဲ့ သူငယ်ချင်းတယောက်ရဲ့ အဖြစ်ကို ခံစားမှုပေးပြီး ရေးထားတာပါ.. ) 


In: ကဗျာ Posted By: Date: Dec 16, 2010
Comment #1

ပြုစားခဲ့တယ်နော်……….
စိတ်မကွပ်ပါဘူး အရာအားလုံး မင်းသဘောပါ
ပေးခဲ့ဖူးတဲ့ အချစ်ကိုတော့ နှမြောမိတယ်
နားလည်မှုကို ခါးသီးစွာနဲ့ တစိုက်မတ်မတ်
ခံစားရင် ငါဆိုတာ ရင်ဘက်ထဲက ….
မင်းကို ဆွဲထုတ်ဖို့  ယနေ့ တိုင် မကြိုးစားခဲ့ပါဘူး
ကောင်မလေးရယ်………………….

ကောင်းတယ် ။အဲဒီ စာသားကို ကြိုက်တယ်။ခံစားချက်ချင် တိုက်ဆိုင်လို့ပါ။ စိတ်မကွပ်တာပဲ ကောင်းပါတယ်။
နှောင်းလူ အားပေးနေတယ် ။ ကျွန်တော် ခံစားလို့၇တယ် ။ကဗျာလေးကို

commentinfo By: genius.jinx28 at Dec 16, 2010
Comment #2

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်
genius.jinx28 ရေ နာမည်သိလို့ ရမလား စိတ်ထည့်မှာ အဲ့ နာမည်ကြီးကို ရွတ်ကြည့်ရတာ တမျိုးဗျ………..:)

commentinfo By: နှောင်းလူ at Dec 16, 2010
Comment #3

နမည်က ၇ဲမင်းခန့် ပါ

commentinfo By: genius.jinx28 at Dec 16, 2010
Comment #4

ကျွန်တော်ကဗျာတွေကိုလည်း ဝေဖန်ပေးပါဗျာ.. နှောင်းလူက ကဗျာေ၇းတာ တော်2များနေပြီးဆိုတော့ အတွေ့အကြုံပို၇ှိမှာပါ။

commentinfo By: genius.jinx28 at Dec 16, 2010
Comment #5

ကောင်းတယ်ဗျ ကိုနှောင်းလူ အားပေးသွားတယ်နော် …

Comment #6

ဟုတ်ကဲ့ပါ ရဲမင်းခန့် ရေ အချင်းချင်းတွေပဲ အပြန်အလှန်ဝေဖန်ကြတာပေါ့
လိပ်ပြာရေ ကျေးဇူးတင်တယ်နော်…….

commentinfo By: နှောင်းလူ at Dec 16, 2010
Comment #7

ချစ်မိခဲ့တာအပြစ်တခုလားဆိုတာ မဟုတ်ဘူးလို့ ဖြေမယ်။ဖြူအထင်ကိုပြောတာနော်။

commentinfo By: phyuphyu at Dec 16, 2010
Comment #8

ဟုတ်ပါတယ် ဖြူရေ
အားလုံး ချစ်ခွင့်ရှိပါတယ် အပြစ်လို့  မဆိုသာပါဘူး.
ကျေးဇူးတင်တယ်နော် အားပေးသွားလို့ ………:)

commentinfo By: နှောင်းလူ at Dec 16, 2010
Comment #9

ဖြူပြောတာလက်ခံပေးလို့ကျေးဇူးပါ၊နှောင်းလူကိုဖြူကျေးဇူးတင်ပါတယ်။
ဖြူကဗျာလေးတေါကိုဖတ်ပေးလို့ ။

commentinfo By: phyuphyu at Dec 16, 2010
Comment #10

ဟုတ်ကဲ့ပါ ဖြူရေ……..
ဖြူကဗျာရယ်လို့ မှ မဟုတ်ပါဘူ အားလုံးရဲ့ ကဗျာတွေကို ဖတ်ပြီး အားပေးနေပါတယ်..။

commentinfo By: နှောင်းလူ at Dec 16, 2010
Comment #11

ဟုတ်ပါပြီ။အားလုံးအတွက်ဖြူကကျေးဇူးတင်ပါတယ်ရှင်

commentinfo By: phyuphyu at Dec 16, 2010
Comment #12

ဟုတ်ကဲ့ပါ နားလည်ပေးတာ ကျေးဇူးနော် ဖြူ……. အမြဲ အားပေးနေမှာပါ ဖြူ ကဗျာတွေကိုလည်း…… 🙂

commentinfo By: နှောင်းလူ at Dec 16, 2010
Comment #13

ပျော်ရွှင်မယ်ဆို လုပ်သွားလိုက်ပါ
မင်းနောက်လှည့်မကြည့်ခဲ့တဲ့ ငါ…….
ကြေကွဲမှုတွေ ထွေးပိုက်ရင်း
နင်ပြန်လာမဲ့ လမ်း စောင့်ကြို့ လို့ နေလေရဲ့…..အရမ်းကောင်းတာပဲ… စာသားက …။

commentinfo By: kaythari at Dec 16, 2010
Comment #14

ဟုတ်ကဲ့ ကေသရီရေ အားပေးတာ ကျေးဇူးတင်ပါတယ်နော် ..။

commentinfo By: နှောင်းလူ at Dec 16, 2010
Comment #15

ပျော်ရွှင်မယ်ဆို လုပ်သွားလိုက်ပါ
မင်းနောက်လှည့်မကြည့်ခဲ့တဲ့ ငါ…….
ကြေကွဲမှုတွေ ထွေးပိုက်ရင်း
နင်ပြန်လာမဲ့ လမ်း စောင့်ကြို့ လို့ နေလေရဲ့
အဲဒါလေးကို အရမ်းကြိုက်သွားပြီ ကိုနှောင်းလူရေ အားပေးနေပါတယ် အကို

commentinfo By: Gipsy Lay at Dec 16, 2010
Comment #16

အသည်းကွဲသမားတဲ့
စကားလုံးတွေနဲ့  ထိုးနှက်ခံနေရ

( အသည်းကွဲနေတဲ့ သူငယ်ချင်းတယောက်ရဲ့ အဖြစ်ကို ခံစားမှုပေးပြီး ရေးထားတာပါ.. )
———————————————–
သဘောကျတယ်နှောင်းလူရေ…..
ဝိုင်းပြောမှာကြောက်လို့ ဖြေရှင်းချက်ကလေးနဲ့
ဘာဖြစ်လဲညီရာ အသဲကွဲတာများ ရှက်စရာမှတ်လို့
ကွဲ ကွဲတယ်ပေါ့ကွာ။။။ 😀 ဟုတ်တယ်မဟုတ်လား။

commentinfo By: moezat at Dec 16, 2010
Comment #17

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် Gipsy Lay ရေ… ကျနော်လည်း အပြန်အလှန် အားပေးနေမယ်နော်…
ဟဲဟဲ ကို မိုးဇတ်ရေ ကျနော် အသည်းမကွဲပါဘူးဗျ…. ကောင်မလေးနဲ့  အဆင်ပြေပါတယ်..။ ကဗျာရေးတဲ့ သူက ဒီလိုပဲ ခံစားချက်ကို ၀င် ခံစားနားလည်ပေးလို့ ရတယ်လေ အကိုရ….. 🙂

commentinfo By: နှောင်းလူ at Dec 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment