Professional Authors

ဒီအပြုံး

စွဲလမ်းမှုကျောက်တိုင် မြဲမြံအောင်
ပန္ဒက်ရိုက်ခဲ့တဲ့ ဒီအပြုံး..

သည်ကောင့်ရင်ကို ဗြောင်းဆန်ပြီး
နှလုံးသားကို အဓ္ဓမ ကျင့်ခဲ့တဲ့
ဒီအပြုံး …

ခုတော့ဗျာ သည်အပြုံးက
အငြိုးအတေး သံယောဇဉ်မဲ့
အပြုံးဆိုတာ
အချိန်လွန်မှ သိလိုက်ရတော့….

အတုကို အစစ်ထင်
အစစ်ကို အတုထင်ပြီး
ကိုးကွယ်ခဲ့တဲ့ ဒီကောင်
လမ်းမှားရောက်လို့
အိပ်မက်တွေ
စုတ်ပြတ်သတ်ပြိုလဲကုန်ပြီ…

ခုတော့ …
ဒီအပြုံး
ဒီအမုန်းတွေ
အားလုံး လက်စသတ်ရင်းနဲ့
ကျွန်တော့် နှလုံးသားကိုပါ
သိမ်းပိုက် ယူငင်သွားပြီဗျာ…

သွားပြီ…
အားလုံး ပါသွားပြီဗျာ ….

Comment #1

အတုကို အစစ်ထင်
အစစ်ကို အတုထင်ပြီး
ကိုးကွယ်ခဲ့တဲ့ ဒီကောင်
လမ်းမှားရောက်လို့
အိပ်မက်တွေ
စုတ်ပြတ်သတ်ပြိုလဲကုန်ပြီ…

ကောင်းပါတယ်ဗျာ…

commentinfo By: နရီထက် at Dec 14, 2010
Comment #2

ဘယ်လို ရိုက်ရတာလဲ မရိုက်တတ်လိုဗျာ ပြောပြပါလား အစ်ကိုဇာတိ

Comment #3

copy ကူး ပြင်လိုက်ပြီဗျို့… ကျေးဇူးတင်ပါတယ် ကိုဇာတိရာ …

Comment #4

အတုကို အစစ်ထင်
အစစ်ကို အတုထင်ပြီး
ကိုးကွယ်ခဲ့တဲ့ ဒီကောင်
လမ်းမှားရောက်လို့
အိပ်မက်တွေ
စုတ်ပြတ်သတ်ပြိုလဲကုန်ပြီ…

ခုတော့ …
ဒီအပြုံး
ဒီအမုန်းတွေ
အားလုံး လက်စသတ်ရင်းနဲ့
ကျွန်တော့် နှလုံးသားကိုပါ
သိမ်းပိုက် ယူငင်သွားပြီဗျာ…

ကောင်တယ် လိပ်ပြာရေ

commentinfo By: နှောင်းလူ at Dec 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment