အမှတ်မထင်နဲ့ ရင်ထဲတစ်သက်လုံး စွဲသွားမိတဲ့ ………
ကျွန်တော့် ရင်ထဲကို machine gun ပစ်လိုက်သလို
မကို ချစ်တဲ့ အချစ်တွေက
ဆိုင်းမဆင့် ဗုံမဆင့် နှလုံးသားနဲ့ မဆံ့အောင်
တရစပ်ကို ထိုးစစ်ဆင်လာတယ်ဗျာ ……..
နဂိုကတည်းက မကိုမြင်ပြီး
ယိုင်နဲ့နေတဲ့ ကျွန်တော့်နှလုံးသား ခံတပ်က
အချစ်ဆိုတဲ့ စစ်သည်တော်ရှေ့မှာ
ဒူးထောက် လက်မြှောက်ပြီး
အလုံးလိုက် အရင်းလိုက် ပုံအောလိုက်မိပြီ ……
ပစ်ပြီးသားကျည်ဆံကို ပြန်ထည့်ပစ်လို့မရသလို
ပုံအောပြီး ချစ်လိုက်တဲ့ နှလုံးသားက ပြန်မရနိုင်သလို
မ သာပြန်မချစ်ရင် ရစရာမရှိအောင်
ဆုတ်ပြတ်သတ်ပြီး ကြွေကျသွားတဲ့
ကျွန်တော့် အသည်းနှလုံးကို ပြန်မကောက်တော့ဘူး ဗျာ ……
မကိုချစ်မိပြီး ကျရှုံးခဲ့ နေရာလေးမှာပဲ
မြေပုံလေး စိုက်ထူပြီး အပြီးပိုင် မြေမြုပ်ထားလိုက်တော့မယ် ……..
(ဒီခေတ်ကြီးမှာ မြေဈေးကြီးလို့ မ၀ယ်နိုင်ဘူး ပြန်ချစ်ပါနော်)
Comment #2
daw daw chwe tat tar be naw.
😀
                        By: ei lay at Jan 7, 2013
                    Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        



 
Comment #1
ကဗျာလေးက ရီရသဗျ
ဖတ်သွားပါတယ် ~~
With respect,
RAY