Professional Authors

စိတ်ဓါတ်မဲ့ နှလုံးသားတစ

မနေ့ကနဲ့တူသော ဒီနေ့နဲ့
ဒီနေ့နဲ့တူဦးမှာဖြစ်သော မနက်ဖြန်ကြား
ရှင်သန်ဆဲ ငါ့သန်းဝေသံများ..။

ရင်ဘတ်ပြည့်သော မျှော်လင့်ချက်နဲ့
မိုးထိသော အတားအဆီးကြား
နွံနစ်နေသော ငါ့စိတ်ဓါတ်များ..။

နားမလည်သော မော်ဒန်နဲ့
မစပ်တဲ့သော ကာရန်ကြား
ယိုင်နဲ့နဲ့ ငါ့ကဗျာများ..။

ဝတ္ထုဆန်ခဲ့သော သူ့မေမေနဲ့
လက်လျော့သွားသော ငါ့ချစ်သူကြား
စုတ်ပြတ်သတ် ငါ့နှလုံးခုန်ချက်များ..။

…..
……
…….

ပုံသေကားချပ် လူပီသမှုနဲ့
ကျည်တောက်စွတ် ငါ့မိုက်မဲမှုတွေကြား
ငါ့ရဲ့စိတ်ဓါတ်မဲ့ နှလုံးသားတစ..
အမှတ်တမဲ့ တွေ့ခဲ့ရင်
ဗွေမယူပါနဲ့ ချစ်သူရယ်..

နင့်ရဲ့တချိန်က ကောင်မလေးက
နင့်အပြုံးနဲ့
ကမ္ဘာဆောက်ခဲ့ဖူးလို့ပါ..

အရဲ

In: ကဗျာ Posted By: Date: Jun 19, 2009  
Comment #1

ma pyaw chin woo har ma pyaw chin woo
kyal tite kyal tite :clapping:
:*

commentinfo By: h3mlock at Jun 19, 2009
Comment #2

mite tae jar.. nout sone a pite lay yel.. wit htu san tae` thu` may may a pite yel.. khite tae byo! ah ye kwa ! 😀

commentinfo By: Kitty Yang at Jun 19, 2009
Comment #3

ကြိုက်ရမယ်လေ spammer ကြီးရ.. ကွိကွိ

ဥဥအမေကိုလည်း ပြောလိုက်လေ.. တရုတ်တွေ ကုလားတွေ ခွဲနေရင် ၀တ္ထုဆန်သွားလိမ့်မယ်လို့.. အဟိ

commentinfo By: အရဲ at Jun 19, 2009
Comment #4

ဒီကဗျာလေး ကြိုက်တယ်.. အစုံပါလို့ 

commentinfo By: hnin at Aug 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment