Professional Authors

၁၃ စင်းသောမြားတို့ ငါ့အားမြင်ခြင်း – နိုးဆက် နေ့

 

 

 

၁၃ထစ်စာ အနာတရတွေ

ပွေ့ဖက်ခဲ့ရပါပေါ့..။

 

ငါဟာ လှေကားတစ်စင်း ပါကလေး..

အနင်းခံဟာ

ခြေသံကို စောင့်ရင်း အသက်ရှင်တယ်ဆိုတာ

မင်းကလွဲရင် တခြားမသိပါစေနဲ့

မမြားဘဲ ၀င်တိုးတဲ့ ချိတ်..

မရုန်းချင်နဲ့စိတ်နဲ့ဘဲ

မင်းခြေသံမှာ တစ်ဖက်သတ်ကျိတ်မောရ..။

 

ကလေးရေ….ငါ

သစ်ပင်မဟုတ်ပေမဲ့

မင်းကြောင့် ဖူးပွင့်ဝေဆာခဲ့ရ..

အဲဒီ ငါ့ရဲ့တစ်ကိုယ်တော် အလှတရားဟာ

မင်းပေးသွားတဲ့ခွန်အားမို့

အားမနာကြေးလေ

ငါ့ကို နင်းမှအမြင့်ကိုရောက်မယ်ဆို

မင်း..နင်းသွားပါ ။

 

အမှန်တကယ်

မင်းကို ငါချစ်ခဲ့ပါတယ်ကလေးရယ်..

မင်းဟာ ငါ့အတွက်

ကြယ်တို့နဲ့ယက်တဲ့ နတ်ဘုရား..

ငါက မင်းအတွက်

အဖြူထည် သက်သက်သူငယ်ချင်း..

မင်းတက်…မင်းဆင်း..စိတ်ကြိုက်နင်းနိုင်တဲ့

လှေကားကြီးတစ်စင်း…

မျှော်လင့်ခြင်း လှေကားရွက် ၁၃ရွက်ကို ပိုင်တယ်။

 

မျှော်လင့်ခြင်းတွေပိုင်သသူ

လက်ဖ၀ါးတစ်ဖက်နဲ့ ထိစပ်နွေးထွေးခွင့် အယူခံမှာ

လစ်လျူရှုခံထားရ..

အဲဒီလို မလှတဲ့နိဂုံးပါဘဲ..။


 

အချစ်ရဲ့ တန်ခိုး..နဲ့

ပိုးဖလံကောင်ရဲ့ မီးပုံတိုးတဲ့ ရာဇ၀င်မှာ..

ကျဆုံးမှုတွေသာများပြား ဆန်းသစ်လာ.

…………………………………

၁၃ထစ်သော လှေကား မှာ

၁၃စင်းသော မြားတွေသာ တရစပ်နစ်စိုက်လာခဲ့..။

 

နိုးဆက် နေ့

In: ကဗျာ Posted By: Date: Dec 27, 2012
Comment #1

အချစ်ရဲ့ တန်ခိုး..နဲ့

ပိုးဖလံကောင်ရဲ့ မီးပုံတိုးတဲ့ ရာဇ၀င်မှာ..

ကျဆုံးမှုတွေသာများပြား ဆန်းသစ်လာ.

commentinfo By: မေပျို at Dec 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment