Professional Authors

ကျွန်တော်ထင်တဲ့ချစ်ခြင်းကစားနည်း

တချို့က

အချစ်ဆိုတာ

ကြက်တောင်လေးရိုက်သလိုပဲတဲ့

မကျအောင်ထိန်းကစားရင်း

အပေးအယူမျှရတယ်တဲ့

တချို့က

ဘောလုံးကန်သလိုပဲတဲ့

အသင်းအဖွဲ့စိတ်ဓာတ်အပြည့်နဲ့

ညီညွတ်စည်းလုံးရတယ်တဲ့

တချို့က

ဂိမ်းကစားသလိုပဲတဲ့

ဦးနှောက်သုံးပြီး

ယှဉ်ပြိုင်နေရတယ်တဲ့

ဟင့်အင်း

ကျွန်တော်ကတော့အဲလိုမထင်ဘူး

သူတို့ထင်တာတွေလဲကြိုက်ပါတယ်

ဒါပေမယ့်

ကလေးဆန်ချင်ဆန်မယ်

မှန်ချင်မှလဲမှန်မယ်

ကစားခဲ့ဖူးသမျှတွေနဲ့တင်စားရရင်

ကျွန်တော်နဲ့မင်းသမီးလေးအချစ်က

Yo Yo လေးတစ်ခုလိုပဲ

တွဲလက်ထဲကနေ

ဘယ်တော့မှပြုတ်ထွက်မသွားပဲ

ရောင်စုံလှပနေတဲ့အနိမ့်အမြင့်

အတက်အကျရှိချင်ရှိမယ်

သို့သော်..ပြန်လာမှာတော့

နွေးထွေးတဲ့လက်ထဲကိုပဲလေ

ဒါသစ္စာရဲ့သင်္ကေတတစ်ခုပေါ့..♥

In: ကဗျာ Posted By: Date: Dec 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment