Professional Authors

ကိုယ့်အနွံတာခံမယ်ဆိုတဲ့ မိန်းခလေးရေ

ကိုယ့်အနွံတာခံမယ်ဆိုတဲ့ မိန်းခလေးရေ
ခဏလေးဂရုမစိုက်မိတာနဲ့
နောက်တစ်ယောက်ကို အဖြေပေးသတဲ့လားကွယ်။

ကိုယ့်ကိုအရွဲ့တိုက်တာပါတဲ့
အဖြေကချိုလှပေမယ့်
ကိုယ့်မှာနာကျင်မိုးမြေမဆုံး။

အခုပဲဖြတ်လိုက်မယ်တဲ့
မင်းတို့ခေတ်ရဲ့ စီးတဲ့အလျင်မှာ
ကိုယ်ကကျန်ခဲ့တာလား
အဲသလောက်လွယ်သလား ခလေးရယ်။

ချစ်သူ=ရန်သူတဲ့
ကိုယ်ကအဝေးကြီး လှမ်းကြည့်နေမိတာ
အနီးဆုံးကိုယ့်နံဘေးကနေ
အရှိုက်ကို အထိုးခံလိုက်ရတော့
ကိုယ့်မှာအသက်ရှူချိန်တောင် မရလိုက်ပါလားကွယ်။

ကိုယ့်ကို သည်းညဉ်းခံမယ်ဆိုတဲ့ မိန်းခလေးရေ
ကိုယ်မှားခဲ့တာ မှန်ပေမယ့်
အဲဒီ့အပြစ်ဒဏ်ကတော့ လေးလွန်းပါတယ်ကွယ်။ ။

In: ကဗျာ Posted By: Date: Aug 13, 2010
Comment #1

i like this poem

commentinfo By: nay chi at Aug 17, 2010
Comment #2

အခုလိုမျိုး comment ပေးတြ့အတွက်ကျေးဇူးတင်ပါတယ်

commentinfo By: novemberhtetmyat at Aug 25, 2010
Comment #3

အင်း…အချစ်ဆိုတာရင်ထဲမှာတင်သိမ်းထားရတာမဟုတ်ဘူး..တခါတခါထုတ်ဖော်ပြသဖို့လည်းလိုအပ်တယ်

commentinfo By: mon mon at Sep 8, 2010
Comment #4

i agree with mon mon.

ko koh a tet htet ma ka chit nay ne thu,,,
ko koh a mye nar le pay nay de thu,,,
ko koh a nun tar khan de thu,,,
ti ti g ne,,,ti ye tar ne,,,tan phoe ma htar thu ko (sometimes) a ywe tike mi twar naing de.

d lo so yin be thu a twat hma ma kaung dot bu pop.

d lo so yin htet p ma hnate sat par ne dot.

commentinfo By: ei lay at Sep 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment