Professional Authors

လက်ဆောင်လေး

ငါ့ရဲ့ချစ်ခြင်းတွေအသက်သွင်းခဲ့တဲ့

ကာလတစ်ခုရဲ့ပုံရိပ်ကို

ငါမြတ်နိုးစွားတွယ်ငြိ၊အလွယ်မရှိတဲ့

ဘ၀ထဲကမြတ်နိုးမိသူ

ကောင်းကင်ရဲ့လက်ဆောင်ကမိုးတိမ်

 

ငါ့ရဲ့ချစ်ခြင်းတွေပုံသွင်း

ယုံကြည်ခြင်းတွေထပ်တူကျခဲ့

သူပေးခဲ့တဲ့နားလည်မူ

မေးခဲ့ဘူးတဲ့စကားတခွန်း

ဘယ်လောက်ချစ်သလဲတဲ့

သမုဒ္ဒရာကြီးကိုကမ်းထက်မှလှမ်းCheckသလို

အစမမြင်အဆုံးမမြင်

ငါချစ်နေတာကအတိုင်းအဆမဲ့

လိုက်မရှာနဲ့ချစ်မောမယ်

ငါပြေးလာခဲ့မယ်

ပင်လယ်ရဲ့လက်ဆောင်ရေလှိုင်းလေးအဖြစ်

 

မင်းဘ၀ရဲ့ထာဝရလက်ဆောင်က

ငါဖြစ်ရမယ်ငါဖြစ်စေမယ်

နွေနေပူထဲ   ငါ့အရိပ်နဲ့အေးမြစေမယ်

မိုးသည်းပါစေ  ငါ့အရိပ်နဲ့မိုးမစိုစေရဘူး

ဒီဇင်ဘာနှင်းတွေဘယ်လောက်ပဲအေးခဲပါစေ

ခိုလှုံနွေးထွေးမယ့်ရင်ခွင်အဖြစ်

အစဉ်ထာဝရရှိနေမယ်။

(ဒါ..မင်းရဲ့အချစ်များကြောင့်ပါ..ဒီကဗျာက

ရင်ခုန်ခြင်းတို့မွှေးပျံ့စေခဲ့တာပါ)မင်းသမီးလေး

In: ကဗျာ Posted By: Date: Dec 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment