Professional Authors

ရှိနေမယ်

ရင်တွင်းသူရေ

ပျော်ရွင်စရာအလွမ်းနေ့တွေလည်း

မကုန်ဆုံးသေးလေ။

မြတ်နိုးသူရေ

အချိန်တွေအချိုးချတို့တွေ့ကြတာလဲ

စက္ကန့်နဲ့အမျှပါလေ။

မျက်ဝန်းကမင်းစကား

နှလုံးသားနဲ့ငါပြန်ကြားတယ်

ဗန်ဂိုးရဲ့အချစ်ပန်းတွေ

ကဗျာတွေတိုင်းမှာလန်းနေပေမယ့်

လေပြည်ကလေးရယ်

ဆောင်းညတွေရဲ့အေးခဲတဲ့ညနက်ထဲမှာ

တိမ်တွေကိုသောက်သုံးလို့

သောကအမောတွေကိုမျှဝေခံစားပေးမယ်လေ

ရာဇ၀င်မှာငါ့အချစ်က

စာဖွဲ့လို့ကဗျာရေးမြတ်နိုးတေးတွေဆိုခဲ့ပေမယ့်

အားမရပါဘူးကွယ်

ငါပေးဆပ်မယ့်ချစ်ခြင်းမြစ်အတွင်းစီးဆင်းမူအလျှင်ကြောမှာ

အချစ်လှေကလေးကိုတူပြိုင်လှော်လို့

ကျေကျေနပ်နပ်လက်ခြင်းယှက်လို့

မျက်ဝန်းမှာပဲ့တင်ထပ်နေတဲ့ငါ့ချစ်ခြင်းတွေကို

နှလုံးသားမှခံစား

အိမ်မက်သံစဉ်တွေနဲ့ချယ်မှူန်းထားတဲ့

ပန်းချီကားလှလှတချပ်လို

နင်မျှော်လင့်တဲ့ငါ့အချစ်တွေ

စောင့်ရှောက်မူတွေကိုလည်း

မြတ်နိုးမူကမ္ဘာထဲကပဲ..ငါရှိနေပါ့မယ်

In: ကဗျာ Posted By: Date: Dec 5, 2010
Comment #1

oh oh oh
super super like
so much lovely

commentinfo By: ei lay at Feb 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment