Professional Authors

ဂျူနီယာ…ကျောင်းသားများသတိပြုရန်

အမောင်ကျောင်းသား
  တက္ကသိုလ်များရောက်လျှင်လေ…….
  ကျောင်းတော်သူမ၊ချောလှတိုင်းလည်း
  မကြိုက်လေနဲ့…….
  အငိုက်မိလျှင်လေ..
  အချောအလှကြောင့်…ငပေါဘ၀ရောက်သူတွေ..အများကြီး

အမောင်ကျောင်းသား
 ကျောင်သူမေခင်၊အိဒြေ္ဒရှင်ကို
 ယဉ်ပေလှစွ၊မထင်ကြနှင့်
 အချက်မသိလျှင်လေ
 မာယာတောအောက်..နှလုံးသားပျောက်သူတွေအများကြီး

အမောင်ကျောင်းသား
  ကျောင်းတော်သူပျို၊စကားချိုတိုင်း
  အပိုစကား၊မပြောကြားနဲ့
  တစ်ချက်ထိလျှင်လေ……
  အပြောတစ်ပေါက်ကြောင့်…အသည်းပေါက်သွားသူတွေ..အများကြီး

အမောင်ကျောင်းသား
  ကျောင်းသူပျိုမ၊ငါ့ကြည့်လှသည်
  ကျနေလောက်ပြီ
  မထင်နှင့်
 ချစ်မိလျှင်လေ…အကြည့်တစ်ချက်နဲ့
 ဘ၀ပျက်သူတွေ….တစ်ပုံကြီး။  ။
                                           Demon13

In: ကဗျာ Posted By: Date: Nov 3, 2010
Comment #1

ကောင်းပါတယ်အစ်ကိုdemon13ရေ….အစ်ကို့ ဆုံးမစာလေးကဂွတ်တယ်ဗျာ…….

commentinfo By: moehtetaung18 at Nov 3, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment