Professional Authors

တစ်ခုပဲလိုတာ

ရောင်စုံမျက်နှာဖုံးတွေနဲ့ဟန်ဆောင်အပြုံးတွေကြားက

ပကာသနဆန်တဲ့အခန်းတွေမှာလည်း

ငါသရုပ်မဆောင်ချင်ဘူး

အကောင်းစားလို့အမည်တပ် GPS တွေတပ်ဆင်

ဘရိတ်တွေပြင်ဖို့ပြန်သိမ်းတဲ့

အော်ခေါ်တောင်မကြားတဲ့ Audio ဇိမ်ခံတဲ့ Car မျိုးလဲ

ငါမစီးချင်တော့ဘူး

အခန်းနားဆုံးနန်းတော်လှမ်းခေါ်တောင်မကြားတဲ့

ဝင်းခြံထဲမှာလည်းဇိမ်ယစ်လို့

Home Theater ကြားမှာလဲမပျော်ချင်ဘူး

ဖြစ်ချင်နေတဲ့ဆန္ဒကို

အတောင်တပ်ဝေဟင်ထက်ပျံပြရရင်

ချစ်သူအနားမှာအေးအတူပူအမျှ

အတူတကွနေရင်း

အတွေးခက်တဲ့လောကအလယ်

ရင်ဆိုင်ကာဖြတ်သန်းလို့

နားလည်မူစာချွန်လွှာဆက်သ

ဘ၀အရေးဆွေးနွေးလို့

ငါအထပ်ထပ်လိုတာတစ်ခုပဲ

မင်း…ငါ့အနားကမခွဲအမြဲပဲနေပေးနေပါ

ငါ……ဘာမှမရှိလဲအသက်ရှင်နိုင်တယ်

In: ကဗျာ Posted By: Date: Dec 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment