Professional Authors

မင်းအတွက်

အက်ကြောင်းတွေနဲ့
ငါ့နှလုံးသား
ခြောက်သွေ့နေလိုက်တာ
လေပြေရယ်မင်းဘယ်မှာလဲ
မိုးရယ် မင်းရောဘယ်မှာလဲ
ပူလောင်လွန်းပါတယ်။

တစ်စစီဘဲ ငါ့အသည်းတွေ
ထပ်ပြီးအမှုန့် မဖြစ်ချင်ဘူး
လေလာရာလမ်းမှာ
လေပွေနဲ့ ပါမသွားချင်ဘူး
သယ်ဆောင်ရာ
ရေပြင်အောင်က
ရွှံ့နှုံးတွေမဖြစ်ချင်ဘူး။

နောင်တရယ်မရှိပါတယ်
စတွေ့ကတည်းက
ခုအချိန်ထိပါ
ရင်ထဲတစ်နေရာ
သိပ်ထည့်ထားတဲ့ငါ့အချစ်တွေ
ပေါက်ကွဲထွက်ဖို့
တာဆူနေရင်တောင်
မိုက်ရှုးရဲဆန်စွာ
သံကြိုးခတ်ထားအုံးမယ်
ငါ့အချစ်တွေမပေါ့ချင်ဘူး
ဒါဟာ..
မင်းတစ်ယောက်တည်းအတွက်ပါ။

In: ကဗျာ Posted By: Date: Dec 5, 2010
Comment #1

သိပ်ကောင်းတယ် ကဗျာတွေကို အခုမှ ကြိုက်နှစ်သက်တာ မဟုတ်ပါဘူး
ငယ်ငယ်လေး ကတည်းက စိတ်ဝင်စားခဲ့တယ်……
ဒါပေမယ့် မရေးတတ်ဘူးလေ
အရမ်းကြိုက်တာ ချစ်တာ တစ်ခုတည်းပါ..
အမြဲအားပေးနေမယ်…..

commentinfo By: gadounlay at Jan 6, 2011
Comment #2

နှလုံးသားကို သံကြိုးခတ်ထားပေမယ်.
ရပ်တန့်မှုတွေက ထိန်းချုပ် မရနိုင်ပါဘူး။
ခြောက်သွေ့နေတဲ့နှလုံးသားကတောင့်တနေတာက
အချစ်ရေကြည်တစ်ပေါက်ပါ….။

commentinfo By: Prince Bo at Jan 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment