Professional Authors
မင်းအတွက်…..သီချင်းတစ်ပုဒ်ထားခဲ့ မယ်…..( sharon )
ခလေး
မင်းအတွက် သီချင်းတစ်ပုဒ်ထားခဲ့ မယ်
ဖြုန်းတီးခဲ့ မိတဲ့ အချိန်တွေကို အရုဏ်ဦးသစ်ဆီကိုခေါ်ဆောင်သွားလိုက်ပါ
အမှန်မှာတော့ 
မင်းဆံနွယ်တွေကြား ဖြတ်ပြေးသွားတဲ့ လေပြေကိုတောင် ငါမနာလိုဖြစ်ခဲ့ ဖူးတယ်
အစောဆုံးအနမ်းချွေခဲ့ တုန်းက
ကိုယ်ဖြစ်ချင်ခဲ့ တာ ( အဖြူစင်ဆုံး ) စံပယ်ပွင့် လေးပါ
ကောင်းကင်တပြင်လုံးမျှော်လင့် ခြင်းရောင်စဉ်တွေ ပြန့် ကြဲဖူးပါတယ်
ရင်အုံမှာတော့ ပိန်းပိတ်မှောင်လို့ 
မင်းလေးရဲ့ ရယ်မောသံကို ငတ်မွတ်ဖူးတာကငါပါ
ခြေသံလေးကိုနားစွင့် ခဲ့ ရတာ
ခုထိရင်ခုန်နေဆဲကွယ်
လွမ်းရတာချိုမြိန်ပါတယ်
သောကတွေကို တော့ စာအုပ်ထဲပဲသိမ်းထားလိုက်မယ်
ဝမ်းနည်းမှုတွေ
သိမ်ငယ်မှုတွေ
အလွမ်းတွေ
နေ့ တွေ
ညတွေ
မီးတောက်တွေ
ပေးဆပ်ခြင်းတွေ
အားလုံးကိုကောက်သင်းကောက်ထားတယ်
မင်းလေးကျေနပ်မှာပါ
စီးမျောတတ်တိုင်း အချစ်မဟုတ်ဘူးကွယ်
မြစ်ဆိုတာကွေ့ ကောက်တတ်မှလှတာပါ
ကမ်းနဲ့ နီးဖို့ ကူးခတ်လိုက်တိုင်း
ငါသာသတ်ပုံမှားခဲ့ တယ်
တောထဲသွားရင်ကျားကိုက်မှာစိုးလို့ 
ခြံစည်းရိုးမှာပဲထင်းခွေလိုက်မိတာ
သတိရပါတယ် ခလေးရယ်
လမ်းမှာတွေ့ ရင် ရှောင်ထွက်သွားပါ
မင်းလေးအတွက်
သီချင်းတစ်ပုဒ်ထားခဲ့ မယ်
                                         ရှာရွန်    26.9.2011  1:05 am
In: ကဗျာ Posted By: Date: Sep 26, 2011
Comment #1
စီးမျောတတ်တိုင်း အချစ်မဟုတ်ဘူးကွယ်
မှန်တာပေါ့.အဲဒီစာသားလေးကြိုက်တယ်။
commentinfo By: poem.poem28 at Oct 31, 2011
Comment #2
ငရဲလေး…. 🙂
ကျေးဇူးပါတင်ပါတယ်
အကြံညဏ်လေးပေးပါအုံးကွ..
commentinfo By: sharon myorr myor at Nov 1, 2011
Comment #3
လွမ်းရတာချိုမြိန်ပါတယ်
သောကတွေကို တော့ စာအုပ်ထဲပဲသိမ်းထားလိုက်မယ်
ဝမ်းနည်းမှုတွေ
သိမ်ငယ်မှုတွေ
အလွမ်းတွေ
နေ့ တွေ
ညတွေ
မီးတောက်တွေ
ပေးဆပ်ခြင်းတွေ
အားလုံးကိုကောက်သင်းကောက်ထားတယ်
မင်းလေးကျေနပ်မှာပါ
Love it …. Thanks for that !
commentinfo By: Mike.aung at Nov 22, 2011
Comment #4
so nice
commentinfo By: ei lay at Nov 22, 2011
Comment #5
ကိုမိုက်အောင်နဲ့ မမအိ ကိုကျေးဇူးအထူးတင်ပါတယ်ဗျာ……
commentinfo By: sharon myorr myor at Nov 23, 2011
Comment #6
myor yae,,,
ei lay ka dot lone wa shaung ma twar bu…
ma myin yin tar nay me,,
myin loh ka dot let swe p hnoke sat hmar.
hote de lay,,
kou hma a hmar ma loak htar tar.
commentinfo By: ei lay at Jan 9, 2012
Comment #7
မြစ်ဆိုတာကွေ့ ကောက်တတ်မှလှတာပါ
ကမ်းနဲ့ နီးဖို့ ကူးခတ်လိုက်တိုင်း
ငါသာသတ်ပုံမှားခဲ့ တယ်
commentinfo By: ကြယ်စစ်သည် at Feb 12, 2012
Comment #8
အကောင်း ဆုံး သီချင်း ဖြစ်မှာပါ….
ရင်ဘက်ဖွင့်  ထားတဲ့  ကဗျာ တပုဒ် ဆိုတော့ လေ…..
commentinfo By: newun at Feb 13, 2012
Comment #9
သတိရပါတယ် ခလေးရယ်
လမ်းမှာတွေ့ ရင် ရှောင်ထွက်သွားပါ
မတော်တဆဆုံဖြစ်ခဲ့ ရင် မသိချင်ယောင်ဆောင်သွားပါ
commentinfo By: zawthetoo at Feb 13, 2012
Comment #10
အိ ပြော တာ လက် ခံ ပါတယ် ခုတော့လည်းတမျိုးပေါကွယ် 🙂
thanks 2 kyaysitttal ,newun & ko zawthetoo
commentinfo By: sharon myorr myor at Jun 30, 2012
Comment #11
😛
commentinfo By: ei lay at Jun 30, 2012
Comment #12
*_*
*_*
*_*
commentinfo By: ei lay at Jan 1, 2013
Leave Comments
Name*
Email*
Website
Email me whenever there is new comment