Professional Authors

မသေချာခြင်းများ

ဟော…

မျက်ဝန်းထောင့်စွန်းကလေးနဲ့ မြင်လိုက်လား?
တိတ်တခိုးနဲ့ ဖွဲ့။

ကြာလေလေ..
ကြာလေလေတော့
တစ်ကိုယ်တည်း မောမောလျလျ၊

စိတ်ကို နောက်ထပ်မနှောင်ဖွဲ့လို
ဘဝကိုလည်း နောက်တစ်ခေါက် တစ်ဆစ်မချိုးလို၊

နေဝါဝါတောင်ကုန်း မှာ
ပန်းကလေးကို ပန်းကလေးအတိုင်း
လေတလွင့်လွင့်အလှ…
အပ…

သိမ်မွေ့ခြင်းဟာ
ပြန်ပြောပြရခက်ပေမယ်လို့
တစ်သက်တာအယူသီး
ဟောသလိုကြီး “ပုံဆိုးပန်း” နဲ့နေ့စက်ရမလား?

တကယ်ကိုပဲ
ခြေကလေးလှမ်းဖို့ မ
ှလမ်းကဖျော့ဖျော့ရှိလှပုံ။   ။

ဩမြိုင်

In: ကဗျာ Posted By: Date: Dec 4, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment