Professional Authors

ခံစားရတဲ့ ဝေနာက မသေချာ မရေမရာနဲ့

ငါကိုယ်တိုင် လိုလိုလားလားနဲ့
အမြတ်တနိုး ထားခဲ့တဲ့အရာတစ်ခုကို
နင်ပြုချင်တိုင်းပြုနေတာတော့
သဘာဝမကျဘူးထင်တယ်….။
အေးပေါ့လေ…..
ငါက သိပ်ချစ်တတ်သူပီပီ
ကြည်ဖြူနေရဦးမှာပေါ့….။

ဇော်သက်ဦး

ကြေးစားခေါ်ဖို့တော့ လိုမယ်မထင်ဘူး
နင်သာတကယ် လိုတယ်ဆိုရင်
ဖြစ်စေချင်တာ ဘာမဆိုဖြစ်ခွင့်ရှိတယ်လေ..။
ငါကို သတ်ပစ်ရုံသက်သက်ဆိုရင်တော့
ကြေးစားလူသတ်သမား မလိုပါဘူး
နင့်ရဲ့ မျက်စောင်းတစ်ချက်နဲတင်
လုံလောက်ပါတယ်…။

မီးလုံးလေး တစ်လုံးတောင်
အဖိုအစ်မ လျှပ်စစ်ပါမှ
မီးလင်းတာမဟုတ်လား..?။
လောကနိယာမ အတွက်တော့
ငါ့အတွက် မဟုတ်တာတောင်
နင်ဟာ တစ်ပါးသူအတွက်ဖြစ်လိမ့်မယ်..။

နင်ရက်စက်လို့
ကြေကွဲနေတာတော့ မဟုတ်ဘူး..
လိုတာမရလို့ ငိုနေခဲ့တာပါ..။
ဘယ်သူမဆို မျှော်လင့်တာမရရင်
ငိုချင်ကြမှာပဲလေ…။

တစ်ခုပဲ သိထားပေးဖို့က။
ပင်လယ်ထက် သမုဒ္ဒရာကပိုကျယ်တယ်
လမင်းထက် နေကပိုပူတယ်..
ကမ္ဘာထက် စင်္ကြာဝဠာကပိုကျယ်တယ်..။
တစ်ခါတစ်လေတော့လည်း..
အားလုံးထက် နင့်ကို
ငါကပိုချစ်လိမ့်မယ်ထင်တယ်…။     ။

In: ကဗျာ Posted By: Date: Jul 22, 2011
Comment #1

မီးလုံးလေး တစ်လုံးတောင်
အဖိုအစ်မ လျှပ်စစ်ပါမှ
မီးလင်းတာမဟုတ်လား..?။
လောကနိယာမ အတွက်တော့
ငါ့အတွက် မဟုတ်တာတောင်
နင်ဟာ တစ်ပါးသူအတွက်ဖြစ်လိမ့်မယ်..။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 23, 2011
Comment #2

ကဗျာလေးကရှင်းပေမရ့် နားလည်ရခက်တရ်.. ဖတ်သလိုဖတ်သွားတရ်…
အားပေးသွားတရ်နော်မောင်လေး….

commentinfo By: sandi at Jul 23, 2011
Comment #3

ကျေးဇူးပါ……။

Comment #4

lo tar ma ya yin ngo tar chin a tu tu pe,
he,,he,,so childish?

but we r different.
u love (sometimes)
i love (forever)

commentinfo By: ei lay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment