Professional Authors

လမ်းဆုံအလွမ်း

ပြုံးပြ နှုတ်ဆက်လိုက်တော့
အသွေးရော အသားရော နာကျင်တယ်
ပိုင်ဆိုင်ခွင့်မရှိတာ
ရှုံးနိမ့်ခြင်းပဲ မဟုတ်ဘူးလား။

သူစိမ်းဆန်ခြင်းဟာ
တို့ကြားမှာ သပ်လို လျှိုဝင်လာချိန်
ဆီးဆောလို
သူမြင့်ခဲ့တာ ငါနိမ့်ဖို့။

ပြန်ပြောမနေတော့ခြင်းဟာ
ထာဝရ မြုပ်နှံလိုက်ခြင်းပါ
…………..ငါ့နှလုံးသားထဲ
နာမည်လေးတစ်ခုကို ဂူသွင်းခဲ့တယ်။     ။

In: ကဗျာ Posted By: Date: Nov 8, 2012
Comment #1

So nice………

commentinfo By: May Kha at Nov 8, 2012
Comment #2

ပြန်ပြောမနေတော့ခြင်းဟာ
ထာဝရ မြုပ်နှံလိုက်ခြင်းပါ

commentinfo By: မေပျို at Nov 8, 2012
Comment #3

……..ငါ့နှလုံးသားထဲ
နာမည်လေးတစ်ခုကို ဂူသွင်းခဲ့တယ်။ ။

commentinfo By: mayviolet at Nov 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment