Professional Authors

ဆန် နဲ့ အကြံ


ဆန်ပြတ်သည့်ရက်

ဆန်ရှာထွက်မိသူ

ဆန်ရှာစဉ်ခဏ

သူ့ဘဝ

ဆန်ဖြစ်သွားရရှာ၏

အကြံမရသူတွေ

ဆန်ဖြစ်ရ

ဟန်ကျသူတွေ

အမှန်အပြစ်ရ

ဘ၀တွေ

ရှုံးနိမ့်သွားတာ

ဒုနဲ့ဒေးပါလား?

သူ့ဖဲ သူ့ဖာသာ

ကုလားဖန်ထိုး

သူ့သဘောနဲ့သူချိုး

“ကိုး” လုပ်သွားရှာတယ်

ခုတော့လည်း

နိုင်ငံတော် အထောက်အပံ့နဲ့

နံရံလေးဖက် အတွင်းမှာ

စားသောက်

နေရပြီပေါ့

ဒါ့ကြောင့်

ငါ ပြောပါတယ်

မပိုင်ရင် ဆင်မဖမ်းနဲ့

ဖင်ယမ်းသွားမယ်

ဆိုတာလေ!

In: ကဗျာ Posted By: Date: Dec 2, 2010
Comment #1

gooD 🙂 I like

commentinfo By: မုဆိုး at Dec 2, 2010
Comment #2

သူ့ဖဲ သူ့ဖာသာ

ကုလားဖန်ထိုး

သူ့သဘောနဲ့သူချိုး

“ကိုး” လုပ်သွားရှာတယ်

အားပေးနေပါတယ်အစ်မရေ……ကောင်းပါတယ်ဗျ……..

commentinfo By: moehtetaung18 at Dec 3, 2010
Comment #3

ကျွန်တော်လည်းအားပေးနေတယ်
အဟီး …………….
ကြိုက်တယ်……..
များများရေးနိုင်ပါစေ……….

ပျော်ရွှင်ပါစေ

commentinfo By: လမင်း at Dec 3, 2010
Comment #4

အမရေ အရမ်းမိုက်တယ် အဓိပါယ်လေးက အားပေးနေတယ်နော်

commentinfo By: Han at Dec 3, 2010
Comment #5

ဟား ဟား ဟား မိုက်တယ် မိဿမင်းသမီးလေး ကြိုက်တယ်

Comment #6

ပျော်ရွှင်ပါစေ

commentinfo By: မွန်ကြီး at Dec 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment