Professional Authors

“ ဒီဇင်ဘာရဲ့ ရင်ခုန်သံ ”

 

ရင်ခုန်ခြင်းဆိုတာ နင့်အတွက်သီးသန့်

ပါကင်ထုပ်သိမ်းထားတဲ့ ငါရဲ့ထာဝရလက်ဆောင်ပါ. . . . ။

ဟေမာန်ဆောင်းရဲ့ မြောက်ပြန်လေညှင်းထဲမှာ

နင့် ကိုယ်သင်းရနံ့လေးများ ကပ်ငြိနေမလားလို့

ရှာဖွေနေမိတယ်. . . . . . . ။

ဒီဇင်ဘာညရဲ့ ကောင်းကင်ယံမှာ

ကြယ်တွေလင်းတဲ့ အခါ. . . . .

နင် နဲ့ ငါ တမိုးအောက်မှာ အတူရှိနေခြင်းကို

ကြည်နူးနေမိတယ်. . . . . .။

ရေးခဲ့ဖူးတဲ့ ကဗျာထဲကလို

နှင်းတွေဝေခဲ့တာ လေးကြိမ်တိုင်ခဲ့ပြီ. . .  .

တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးသွားတိုင်း

ဟောင်းမသွားတဲ့ ငါ့နှလုံးသားက

အချစ်တွေပဲ တဖန်ပြန်မွေးဖွားလာတယ်. . .၊

နင့်ကို ချစ်တဲ့ ချစ်ခြင်းအသေင်္ချတွေ

တစ်နှစ်သစ်တိုင်း အသစ်ဖြစ်နေမှာပါ . . .မောင် . . .။

In: ကဗျာ Posted By: Date: Nov 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment