Professional Authors

အချစ်စစ်

ဟော……….မိုးတွင်းတောင်ရောက်လို့
မိုးစက်တွေတစ်စက်စက်တောင်ကျနေပြီ
ဟော……….သူထားခဲ့တဲ့နေ့ရောက်လို့
ငါ့ရဲ့မျက်ရည်တွေ
တစ်စက်စက်ကျခဲ့ရပြန်ပြီ
ဟော………ရာသီတွေနှစ်တွေပြောင်းသွားလည်း
ရင်ထဲကဒဏ်ရာက
ဟောင်းမသွားပဲ
မနေ့တစ်နေ့ကအတိုင်းပဲ
ရင်ထဲမှာတစ်ဆစ်ဆစ်နဲ့
နာကျင်နေခဲ့ရတယ်
ချစ်သူရယ်
တစ်ချိန်ချိန်ပြန်လာမယ်လို့
ငါယုံကြည်နေတယ်
ချစ်သူ

In: ကဗျာ Posted By: Date: Sep 27, 2011
Comment #1

လုလင် အားပေးသွားပါသည်

Leave Comments

Name*

Email*
Website
Email me whenever there is new comment