Professional Authors

ကမ္ဘာကြီးက တစောင်းတင်လေသမျှ – နရီထက်

အပြောတွေက ရွှေမိုးသည်းတွေကို
ပင်လယ်ဖြစ်အောင် မှိုင်းချတတ်တယ်
မိုးမီးလျှံတွေ ပြာအတိဖြစ်အောင်
လှည့်စားတတ်တယ်

နှုတ်စကားက ခပ်လွယ်လွယ်ဆို
စာပေတစ်လွှာကလည်း အလွယ်လိုက်လာတယ်
မြင့်မားတဲ့ ကွန်ပြူစနစ်တစ်ခုကြောင့်လား

သူယောင်မယ်က မလှည့်စားခဲ့သလို
ဖေဇော်ဂျီကလည်း အပြောမကြွယ်ခဲ့ပါဘူး
သည်လောကံတရားမှာ အပြောကြွယ်သလောက်
လက်တွေ့အလုပ်တွေက အခက်တွေချည်းပါ
မာန်မလျှော့ရအောင်သာ အားတင်းထားကြတာပါ

မျက်လှည့်ပြပွဲတစ်ခုမှာ
အမြင်ရွေ့ပြောင်းပြကွက်တစ်ခုကို
စကားလှလှတွေနှင့် မြင်သူတွေကို
ဆွဲဆောင်ပြီးမှ. . .
အကြားအာရုံနှင့် လှည့်စားခဲ့တာ များပါတယ်
လက်ခုပ်တီးဖို့ အသက်တစ်ချက်ရှုပြီးမှ
သတိရနေတတ်ကြတာပါ

အကြိုက်တူဖို့ ညှိနှိုင်းကြတဲ့ ပြပွဲတစ်ခုမှာ
အကြိုက်တူဖို့ ဟိုနိုးနိုး သည်နိုးနိုးနှင့်
ရင်ထဲမှာ မြိုသိပ်ထားခဲ့သူတွေ
မကြားတကြားလေ ပြောနေသူတွေ
မြည်သံတောက်တီး အော်ဟစ်သူတွေ
ခံစားချက်ကို ဇကာပေါ်တင်
အလူးအလဲ လှိမ့်ခဲ့နေရသူတွေ
ပြပွဲတစ်ခုမှာ မတ်တတ်ရပ်နေကြတုန်းပါ

အပိုင်းအစတစ်ခု
မွစာကြဲနေတဲ့အခါ
ပြန်ဆက်တဲ့အခါ ပန်းချီကားလှလှလေး
ဖြစ်လာရင် အရမ်းဝမ်းသာပါတယ်
အမြင်စောင်းနေတော့
ဒို့လူသားတွေက ကမ္ဘာကြီးကို
အရွဲတိုက်နေကြအုန်းမှာ. . .
ကမ္ဘာကြီးကို တစောင်းတင်ဖို့
ကြိုးစားတဲ့အခါတိုင်း
ကမ္ဘာကြီးကပဲ ဒို့လူသားတွေကို
တစောင်းပြန်တင်သွားတာများပါတယ်။    ။

နရီထက်
( ၂၈ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment