Professional Authors

“ကြယ်ကြွေစေချင်”

ဘယ်သူနဲ့မှ ရန်မဖြစ်ပါဘူး
ငါ့ရင်နဲ့ငါပဲ ထိုးကြိတ်
အသိတရားနဲ့ နှလုံးသား
အာဏာသိမ်းတဲ့ပွဲမှာ
ပုံ့
မင်းကလေး ဒိုင်လူကြီးလုပ်ပါ
ငါ့အတွက်
ပိုပိုသာသာ မျက်နှာလိုက်ပေးပါ
သိသိသာသာ ခေါက်ဆွဲစားပါ
(ခေါက်ဆွဲမကြိုက်လည်း တစ်ခုခုပေါ့)

နေမဝင်တဲ့ ရင်ခွင်မှာ
ငါ့ကိုသိပ်လှည့်ပါ
နေစောင်းရင်…
အလွမ်းတွေခြုံ
အကြည့်နဲ့ ဂရုစိုက်မှုတွေကို
ဘယ်ဘက် နံကြားထဲ ထိုးသိပ်ထည့်သိမ်း
အထီးကျန်ခြင်း အလိမ်းလိမ်းနဲ့
ငါ့ညတွေ မမှောင်ချင်တော့လို့ ပါ…

ကြယ်တွေ၊ လတွေနဲ့
နောက်ခံ အနက်ရောင်ပန်းချီကားကြီး
မရှိလည်း….(နေပါ)
ဘယ်နေ့များမှ ကြွေကျမယ့်
“အချစ်” ဆိုတာကို
ရင်ထဲမြုပ် (စိတ်အေးသက်သာ)
အိပ်ရပါ့မလဲ…

(စာကြွင်း)
သဘောကျလျှင်ဖြင့်
“ဖျတ်” ခနဲ ထလင်းတတ်သော
အပြုံးထောင့်မှ မှဲ့တစ်လုံးကို
ကျွန်တော်ချစ်သည်။   ။
ညအိပ်ရန် ခေါင်းအုံးအဖြစ်
ဖြစ်နိုင်လျှင် ငှားပါ
မဖြစ်နိုင်လျှင်လည်း ငှားပါ။
အပိုင်ပေးလိုကလည်း ပေးပါ။
(ရဲရဲဝံ့ဝံ့ သူတောင်းစားဆန်ဆန် ပေါ်တင် တောင်းပါသည်။)

In: ကဗျာ Posted By: Date: Nov 27, 2010
Comment #1

ငါ့မှာလည်း ရှိတယ်ကွ . .. . . လာယူဟေ့
🙂

commentinfo By: butterfly at Nov 27, 2010
Comment #2

ဘယ်သူနဲ့မှ ရန်မဖြစ်ပါဘူး
ငါ့ရင်နဲ့ငါပဲ ထိုးကြိတ်
အသိတရားနဲ့ နှလုံးသား
အာဏာသိမ်းတဲ့ပွဲမှာ
ပုံ့
မင်းကလေး ဒိုင်လူကြီးလုပ်ပါ

ကိုဇင်ရေ……အားပေးနေပါတယ်ဗျာ

commentinfo By: moehtetaung18 at Nov 27, 2010
Comment #3

အပြာရောင် လိပ် (လိပ်ပြာ = butterfly )
မှာ မှဲ့ ထွက်တယ်လို့ မကြားဖူးပါဘူးဗျာ…

commentinfo By: ကိုဇင် at Nov 27, 2010
Comment #4

Soooooo Cooool ——man
I m waiting for your new one
Keep it up
Always ur bro !!!!!!

commentinfo By: Kolatt at Jan 29, 2011
Comment #5

wow,,,,,,,,,,,,lol,,,,,,,,,,,
so so nice.
so so cute…
so so excellent..
he,,,,heeeeeeeeeeeee

commentinfo By: ei lay at Jan 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment