Professional Authors

လု လူ လူး – နရီထက်

သည်ကမ္ဘာမြေကို
အုပ်စိုးမယ် အကြံတွေနှင့်
စိတ်ဓါတ်တွေ ဒီဂရီယိုင်လဲ
အတ္တတွေ ရမှတ်ကျော်လို့
ဒေါသချော်ရည်ပူတွေက
ဘ၀မာယာထဲ သည်လူသားတွေကို
လက်အောက်ခံ နယ်မြေသစ်ထဲ
အတင်း လုယက် သိမ်းသွင်းနေဆဲ။

လူမှန်ရင် လူလိုကျင့်ကာရယ်
လူလူချင်း တန်ဘိုးထားလို
လူလိုပြောတာ လူလိုနားလည်စေချင်
လူလူချင်း ငဲ့ညှာထောက်ထား
ရိုင်းပင်းတတ်လို့
သည်ကမ္ဘာမြေကို ငြိမ်းချမ်းစေချင်။

နာရီလက်တံတွေက
ချမ်းသာခြင်း ရမ္မက်ကို
လည်ပင်းညှစ်ထားတော့
အချိန်တိုင်းမှာ တပ်မက်မှုက
အရောင်လက်နေတယ်
မသေခင်လေးမှာဆိုတဲ့ အတွေး
နားနှစ်ဖက်နား နတ်ဆိုးက
နွားရိုင်းသွင်းသလို
ပြေးရိုက်နေတော့
ကျောသပ်ကာ နာခံခဲ့တယ်
ပိုင်စိုးမှုအတွက်ရယ်။

မြင်းရိုင်းကို ဂျိုးမတပ်ပေးတာ
အမြင်မတော်လို့မှ မဟုတ်တာ
အမြင်တွေ လွဲမှားသွားမှာစိုးလို့ပါ
လိမ်ညာမှုတွေက လှလွန်းအားကြီးရင်လည်း
အပျိုရိုင်းဒေါင်းမကတော့
ကပြတိုင်း နောက်က ပေါ်နေရစမြဲပါ
နွားက တစ်ဘို့တည်း ထားခဲ့ရင်
လူတွေက ပခုံးနှစ်ဖက်ကြားမှာ
ခေါင်းတစ်လုံးရှိမှာတော့
သေချာပြီးထားပါ။

မျက်ရည်ကျမှ ကျေနပ်မယ်ဆိုရင်
ရေခဲမုန့်ထဲမှာ စတော်ဘယ်ရီယို
မဖျန်းချင်တော့ဘူး
သွေးစတွေ ဖျန်းပတ်ကာ စားသုံးစေချင်
ဆုတ်ယုတ်မှုကို အတင်းအပ်နှင်းချင်ရင်
သွေးခွဲမှုနှင့် စားသုံးစေချင်
မလိုင်ဖတ်တွေ မကုန်ခဲ့သေးမှာ
အရသာတွေက ထောပတ်ဆီလူးချိန်မို့
နွားစားခွက်လား
ပင်လယ်နက်ပြာပြာ လား
လူးကူး ကူးလူး ကူးခတ်နေဆဲ။     ။

နရီထက်
( ၂၆ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 26, 2010
Comment #1

၁ ပုဒ်လုံးကြိုက်တယ်ဗျ….အစစ်အမှန်ဖြစ်တဲ့ အမှန်တ၇ားတွေ ! !

ဒီအပိုဒ်လေးကတော့ အကြိုက်ဆုံးပဲ ——-
လူမှန်ရင် လူလိုကျင့်ကာရယ်
လူလူချင်း တန်ဘိုးထားလို
လူလိုပြောတာ လူလိုနားလည်စေချင်
လူလူချင်း ငဲ့ညှာထောက်ထား
ရိုင်းပင်းတတ်လို့
သည်ကမ္ဘာမြေကို ငြိမ်းချမ်းစေချင်။

commentinfo By: pannei at Nov 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment