Professional Authors

Chemical ……….တွေ

Chemical အလှတရားတွေကြား
ခြစားတဲ့ စာရိတ္တနဲ့ အမြင်
နှာတစ်ဖျား သာသာလေးမှာတင်
ဘ၀တစ်ပါးမပါခင် ငါမြင်မိတယ်
ဒါနဲ့များ အချစ်စစ်တဲ့လားကွယ်
အခြေခံ ဓာတ်ကြီးလေးပါးမှ အားမနာ
ငထွားက ခါးဝင်နာချင် နေသေးတယ်
အပြစ်ဆေးမယ့်အစား အညစ်အကြေးလို
ခ၀ါချ ပင်ကိုယ်အလှ ပြပါဆိုလျှင်
လားလားမှ ငါမမြင်မိပါတကား
တင်စားလိုက်တဲ့ ဣနြေ္ဒရှင်များ
စိန်ရွှေနဲ့ပင် မလဲနိုင်ထင်ရ
ဘ၀င်ခိုက်တုန်းတော့ ရှမ်းကြိုက်နွားချော
တအား သဘောတွေ့ မနောခွေ့တာပေါ့
ကိုယ်၊ စိတ်၊ နှလုံးက အနာအဆာ အသီးသီး
Chemical တွေအောက်မှာ
ဖုံး
ကွယ်
ပုန်း
ခို
နေ
ကြ
ဒါကိုပဲ “အလှနတ်ဘုရားမ” တဲ့
ထိတွေ့လိုက်တိုင်း Chemical နဲ့မကင်း
….. ဆံနွယ် …..
….. မျက်ခုံး …..
….. မျက်လုံး …..
….. မျက်တောင် …..
….. အမွှေးရနံ့ …..
….. ရင်သား …..
….. တင်ပါး …..
….. အသားအရည် …..
Chemical ……….တွေ
Chemical ……….တွေ
Chemical ……….တွေ
ဒါနဲ့များ အချစ်စစ်တဲ့လားကွယ်
လူတောင် စစ်စစ်မဖြစ်မှတော့
ဘယ်ကလာတဲ့ အချစ်စစ်ဖြစ်မလဲ
ထွီ ….. ဟန်လုပ်ထားတဲ့ ပုံစံခွက်ထဲကိုပဲ
အလှနတ်ဘုရားမဆိုတဲ့သူတွေ ခုန်ုခုန်ချ
ဣနြေ္ဒရှင်မလေးဆိုတဲ့သူတွေ ခုန်ခုန်ချ
ဒါကိုများ ငမိုက်သားရယ်
မင်းအတွက် Feel လို့ခေါ်ပါသေးသလားကွယ်
-ဇော်၏ “မိုးရဲ့ဝိဥာဉ်တော်သခင်မ”/“နဂိုပျောက်အလှအတွက်” ကဗျာအားခံစားလျှက်

In: ကဗျာ Posted By: Date: Nov 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment