Professional Authors

ယုတ္တိတန်ခဲ့သော ည

အိမ်မက်မကောင်းဘူး

ငွေပေါတဲ့ကောင်တွေက

ငါ့နံရိုးတစ်ချောင်း လာလာဝယ်ကြ

စိတ်ကူးပျက်လိုက်တာ။

အိမ်မက်မကောင်းဘူး

ဓါးတစ်ချောင်းလောက်နဲ့

ဟန်ရေးပြနေတဲ့ကောင်စားတွေ

ထမင်းလွတ်ဟင်းလွတ်ရူးလိုက်ကြပါလား။

အိမ်မက်မကောင်းဘူး

သကြားဆိုချိုမှစား

ကိုယ်ဖျောက်နေတဲ့ ကောင်စားတွေ

မင်းတို့ရင်ဘတ် မီးရှို့ကြည့်ပါလား။

တောက်  အဲလိုနဲ့

တညလုံး ဘုရားသခင်လည်းအိပ်မောကျ

နတ်ဆိုးတွေလည်း  ကခုန်နေကြ

အိမ်မက်မကောင်းဘူး။

 

လူစီမ်း

 

 

In: ကဗျာ Posted By: Date: Jun 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment