Professional Authors

အာမင်

ကြမ်းပြင်ထက်မှာ
အလွမ်းအပိုင်းအစတွေ ပျံ့ကျဲ
ခုံပေါ်ကမှန်ထဲ
အတ္တတွေ ပုန်းအောင်းလို့ခို
(တကယ်ဆို)
သူ… ခိုးဖို့အတွက်
ဒီခံစားချက်တွေမျိုချ
မျှော်လင့်ချက် ပြတင်းတွေဖွင့်ပြီး
အိပ်စက်ခဲ့ရတာ။   ။

မှောင်ကျဉ်းကျဉ်း အခန်းထောင့်မှဲ့ာ
လုပ်ယူထားတဲ့လူမသိမှုနဲ့
ခပ်ထူထူ ကြေကွဲမှုတစ်အုပ်
ပေါ်တင်သိမ်းလို့ထားတယ်
(မငှားပါဘူး အပိုင်ယူသွားကြပါ)
ပတ်ဝန်းကျင်က မျက်နှာကျက်မှာ
အုပ်ဆိုင်းလို့ ဝေ
သူတို့အပိုင်မဟုတ်တဲ့
ဒီနှလုံးသား ၂ ခုကို
ကောက်ရိုးပုံလိုအထင်နဲ့
စောင့်ကြည့်နေကျရဲ့ …။    ။

မြေခွေးတွေ ဆွဲဆွဲငင်ငင်အူတဲ့
ဒီညတွေ မုန်းလှပြီ…
လူပါးဝတဲ့ ခံစားချက်တွေကိုလည်း
အားနားပါနာ ဆက်ဆံရတာ
ပျင်းပြီ…
ဟုန်းဟုန်းတောက်ပ
သွေးကြွနေတဲ့ ဒီဒေါသတွေ
(မင်းမသိပဲ)
နားလည်မှုတွေစားသုံး
တနေ့ကိုသည်းခံရင်း
ဗျာများလို့ အိုပွနေပြီ…။   ။

ရက်တွေက ရေတွက်လို့ရတယ်
ခံစားချက်တွေက ရေမရဘူး
ခံစားချက်တွေက ဆုံးရှုံးမသွားနိုင်ပါဘူး
ရက်တွေကတော့ ဆုံးရှုံးနေတယ်
နှစ်သိမ့်တဲ့ အပြုံးတွေကြားက
မှဲ့လေးတလုံးကို ထုပ်သိမ်းလို့
သဝန်တိုမှုတွေ ကန်ထုတ်ခဲ့ရတယ်
အမုန်းတွေလာမဲ့ ညအိပ်မက်တွေ
ခြောက်လှန့်ပြန်တော့
ချစ်ခြင်းရဲ့နှိပ်စက်မှုကို
တောင့်တ
ဒီဘဝဘယ်တော့မှ
လွတ်လွတ်ကျွတ်ကျွတ် နေရပါမယ်…။   ။

အချစ်ကို ကောင်းချီးပေးစေချင်ငှာ
ချစ်သူ ခလုတ်မထိ ဆူးမငြှိပါစေနဲ့….

In: ကဗျာ Posted By: Date: Nov 24, 2010
Comment #1

အချစ်ကို ကောင်းချီးပေးစေချင်းငှာ
ချစ်သူ ခလုတ်မထိ ဆူးမငြှိပါစေနဲ့….. .. ဝိုင်းဆုတောင်းပေးသွားပါတယ်နော် …။။။။

commentinfo By: chityellusoelay at Aug 19, 2011
Comment #2

🙂
🙂
🙂

commentinfo By: ei lay at Oct 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment