Professional Authors

မိုးခေါင်သွားတဲ့ ၀ဿန်

အိပ်မက်တွေကမ်းပြို

မျှော်လင့်ခြင်းတွေရေမျော.

လှော်ရင်းခတ်ရင်းနဲပဲ

ဒီနှလုံးသားက ရေတိမ်နစ်ခဲ့ရပြန်ပြီ..။

 

ရင်ဘတ်အသေကို လှုပ်နှိုး

မနက်နိုးထတိုင်း နင့်နာမကိုတ

ငါ့ဘ၀က ဒီတိုင်း ဆုံးသတ်သွားမှာလား..။

 

အတ္တကို အသက်သွင်းတာတောင်

ချက်ချင်းပြန်မထနိုင်တဲ့ အဖြစ်

ဒီလိုနဲ့ပဲ …..

အနာဂတ်တွေလည်းလုံးပါးပါးခဲ့ရတယ် .. ။

 

တကယ်ပါ…

နင့်အကြောင်းအိပ်မက်ရင်တောင်

မပျော်တတ်တော့တဲ့ အဖြစ်

ငါ့ရင်ဘတ်ကို နင်မြင်တတ်ရင် ကျေနပ်ပါပြီ ။

 

ခေါင်းမော့ ရင်ကော့ရင်း နင်ကျရှုံးနေတယ်.

ဒူးထောက် လည်စင်းခံရင်း ငါကျရှုံးနေတယ်.

ဘ၀တွေ ဆုံးသွားတာမှ မဟုတ်တာ …

နင် အရှုံးထဲက ကျေနပ်ခြင်းကို

ရှာဖွေတတ်ပါစေ … ။ ။

 

 

 

Fotia~!

9:39 PM

10.Feb.2012

In: ကဗျာ Posted By: Date: Feb 25, 2012
Comment #1

တကယ်ပါ…

နင့်အကြောင်းအိပ်မက်ရင်တောင်

မပျော်တတ်တော့တဲ့ အဖြစ်

ငါ့ရင်ဘတ်ကို နင်မြင်တတ်ရင် ကျေနပ်ပါပြီ ။

ခံစားရတယ်….. တိုက်ဆိုင်လို့…..

commentinfo By: moezat at Feb 25, 2012
Comment #2

ဟုတ်.. ကျေးဇူးပါ..။

commentinfo By: FotiaPrincezz at Feb 25, 2012
Comment #3

arr pay twar par d

commentinfo By: ei lay at Feb 25, 2012
Comment #4

ကျေးဇူး ညီမ

commentinfo By: FotiaPrincezz at Feb 25, 2012
Comment #5

ခေါင်းမော့ ရင်ကော့ရင်း နင်ကျရှုံးနေတယ်.

ဒူးထောက် လည်စင်းခံရင်း ငါကျရှုံးနေတယ်.

ဘ၀တွေ ဆုံးသွားတာမှ မဟုတ်တာ …

နင် အရှုံးထဲက ကျေနပ်ခြင်းကို

ရှာဖွေတတ်ပါစေ … ။ ။

ဘာပြောရမလဲ…အင်း….ကျွန်တော်တော့နှစ်သက်တယ်

commentinfo By: အသဲကွဲမိုး at Feb 25, 2012
Comment #6

အိပ်မက်တွေကမ်းပြို

မျှော်လင့်ခြင်းတွေရေမျော.

လှော်ရင်းခတ်ရင်းနဲပဲ

ဒီနှလုံးသားက ရေတိမ်နစ်ခဲ့ရပြန်ပြီ..။

ရင်ဘတ်အသေကို လှုပ်နှိုး

မနက်နိုးထတိုင်း နင့်နာမကိုတ

ငါ့ဘ၀က ဒီတိုင်း ဆုံးသတ်သွားမှာလား..။

အတ္တကို အသက်သွင်းတာတောင်

ချက်ချင်းပြန်မထနိုင်တဲ့ အဖြစ်

ဒီလိုနဲ့ပဲ …..

အနာဂတ်တွေလည်းလုံးပါးပါးခဲ့ရတယ် .. ။

ကြိုက်တယ်ဗျာ အရမ်း ကြိုက်သွားပြီ.။….

commentinfo By: sone.pyuu at Feb 27, 2012
Comment #7

နေ့ရက်တွေတိုင်းကို ဆိုင်ကယ်လို ခပ်ကြမ်းကြမ်းမောင်းရင်း ယုံကြည်မှုတွေလည်း တာယာလို ပါးခဲ့ပြီ

commentinfo By: sone.pyuu at Feb 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment