ကြံစည် ခြင်းနှင့်…. ဖြည့်ဆည်းပေးခြင်း…
ဖိုရမ်……မီးတောက်များ…..မလာပါနှင့်ဦး……
ထပ်ခါ ပြီးတော့….
ငါ့ဘ၀ ကို ဆိပ်ကမ်းမှာပဲ… နှစ်ထားပါရစေ….
“ ဘယ်သူပါလဲ… ”
ထာဝရ ကူးပြောင်းခြင်းအသွင်များနှင့်ပေါ့……. တစ်ခုခုတော့…မှားနေခဲ့သည်……….။
စနေ့ နေ့ မှာ.. ကံဆိုးခဲ့တယ်…….
ငါတို့ ဖြေးဖြေးချင်းနဲ့ .. နှစ်ပေါင်းကြာခဲ့ ကြတယ်။
ခြံစည်းရိုးနှစ်ခုကြား ထဲမှာ မိုနိုပိုလီ ကစားရင်း…….အိမ်တစ်လုံးတည်တော့…. ကောင်းကင်တစ်ခြမ်း
လွဲအပ်မယ်လို့ အကြောင်းကြားစာ ပို့ လွတ်သူ တစ်ယောက်…. အလိုရှိနေ ခဲ့သည် ။
မင်းအတွက်ငါ သီးသန့် ပန်းသီးတစ်လုံးဖယ်ထားတယ်…
လွန်ခဲ့တဲ့ ၈ နှစ်က စာအုပ်တစ်အုပ်လဲ သိမ်းထားတယ်…
နင့်အတွက် ဓါးတစ်ချောင်း ချန်ထားတယ်…..
ပင်နစလင် လဲ ဆောင်ထားတယ်……
နင့်ကိုငါ ချစ်နေရင်း နဲ့ မုန်းသွားတယ်……. ဒီလောက်ဆို သဘောပေါက် ပေါ့
ထာဝရ မိန်းကလေးရယ်…….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service




Comment #1
pa loak toat,,
🙁
kyauk sa yar g par lar?