Professional Authors

“ မိုး ”

 

ရွာမလိုနဲ့ မှိုင်းညှို့နေတဲ့

အညိုရောင် တိမ်ထု၊

ရဲရဲတောက်တဲ့ အလှတရားကို

ခပ်ညှို့ညှို့ ပံ့ပိုးနေတဲ့ အစိမ်းရင့်၊

ယိမ်းကာ နွဲ့ကာနဲ့

ခပ်ကြမ်းကြမ်း ကျီစယ်နေတဲ့ လေနတ်သား၊

တဖျတ်ဖျတ်လွင့်နေတဲ့ ခန်းဆီးစလေးနား၊

ခပ်စိပ်စိပ် ရိုက်ခတ်လာတဲ့ မိုးရေစက်တွေ၊

ပြတင်းပေါက်ကို မှီထားရင်း

တဖြည်းဖြည်း မြင်ကွင်းတွေက မှုန်ဝါး၊

အပြင်မှာ ရွာတဲ့မိုး . . . . . . .

ရင်ထဲမှာ ပိုသည်းနေတယ် . .  .။

 

In: ကဗျာ Posted By: Date: Nov 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment