ပုံပြင်
မင်းပြောတဲ့တစ်ထောင့်တစ်ညပုံပြင်တွေထဲ 
အိပ်မောကျနေလိုက်တာများ နေ၀င်တာတောင်
သတိမေ့လို့………………
ပြဌာန်းချက်မရှိတဲ့ ငါ့သင်ခန်းစာတွေကို
အမှားမပါဘဲ ကြက်ခြေခတ်တယ်
လက်ပိုက်ခေါင်းငုံ့နေတာကိုက
ဗီဇတစ်ခုလိုဖြစ်နေခဲ့ …..
အမေပြောတဲ့ပုံပြင်တွေက 
အိပ်မက်ချိုတွေအကုန်မြင်စေသလောက်
နင့်ပုံပြင်ရတက်ဖျားကို 
ဖြတ်သွားမိတဲ့ငါ့အတွက် 
တရေးနိုးထယောင်စေတဲ့ ညအမှောင်တစ္ဆေတွေမှန်းသိခဲ့တယ် မိန်းကလေး…………
တကယ်ဆို ငါဟာ နင့်ပုံပြင်ထဲက မှော်ဆရာလိုသာဖြစ်ခွင့်ရှိရင်
သက်တံရောင်စဉ် ခုနှစ်ပါးကို
နင့်အနားမှာ ခစားစေချင်ခဲ့သူပါ…….
ကောင်မလေးရေ……
ညင်သာတဲ့ ဒဏ္ဍာရီတွေထဲမှာ
တကယ်လို့များ နင့်အပြုံးလေးဝင်းလက်ခဲ့ရင်
သက်ပြင်းတွေမေ့ပျောက်လို့ 
ကွေ့ကောက်တဲ့ဘ၀လမ်းထဲ 
နင့်ပုံပြင်တွေ တစ်ဆစ်ချိုး
နားထောင်ပေးပါ့မယ်………………..
Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        



 
                                            
Comment #1
ပုံပြင်မှန်းသိရက်နဲ့ 
အချစ်မပျက်
တပ်မက်မက်နားထောင်
ချစ်တတ်ပေးတဲ့
ဒီကဗျာလေးကို
လက်လံတယ်
စလံသတယ်ဗျို့