နင့်အတွက် ငါ့ဆန္ဒ…….
နင့်ငိုသံတွေ ငါ့နားထဲပဲ့တင်ထပ်နေတယ်
တကယ်ဆို ငါ့ဒီရင်ဘတ်ကြီးက
နင့်အသုံးတော်ခံ……နင်ကြေကွဲသမျှတွေ
သွန်ချနိုင်ဖို့…….ငါဆိုတဲ့ ကောင်က
အခါသင့်တိုင်း ရှင်းလင်းထားပေးခဲ့တာပါ……။
နင်မသိဘူး
နင့်ပါးချိုင့်က ငါ့အနာဂတ်တွေမှန်း…………..
ငါချစ်ခဲ့တဲ့ နင့်နှုတ်ခမ်းတစ်စုံက
နင်ချစ်တဲ့ လူအကြောင်း တတွတ်တွတ်ပြောတဲ့အခါ
ငါမကိုင်ဖူးတဲ့ နင့်လက်ဖ၀ါးကို ဆုပ်ကိုင်ရင်း
ငါ့ရင်ခွင်ထဲထည့်
နင့်ဒဏ်ရာတွေကို ချွေးသိပ်ပေးချင်ခဲ့တာပါ………….။
ငါမြတ်နိုးတဲ့ နင့်ဆီက ……
ဆွေးမြည့်မှုတွေ ကိုယ်စားပြု
ငိုညည်းသံသဲ့သဲ့ကြားတိုင်း
ငါ့ခန္ဓာက နင်မသိဘဲ မြူမှုန်တွေလို ပြန့်ကျဲရင်း
နင့်အတိတ်ကို ပြောင်းလဲနိုင်မယ့် တန်ခိုးရှင်လည်း ငါဖြစ်ချင်ခဲ့တာပါ……။
တကယ်ဆို ငါက……
နင်အသိအမှတ်ပြုတဲ့အခါ နင့်ရှေ့က မားမားရပ်
ဝမ်းနည်းလွယ်တဲ့ နင့်ကို
ပျော်ရွှင်ခြင်းတွေ အကုန်ပေး
ငါချစ်တဲ့ နင့်ပါးချိုင့်လေးကိုပဲ ငေးနေချင်ခဲ့တာပါ……….။
သူငယ်ချင်းဆိုတာထက်
လွန်ဆန်ခွင့်မရှိတဲ့…..ငါကိုယ်တိုင်
နင့်အတွက်တွေပဲ အထပ်ထပ်စဉ်းစား…….
နင်ဆိုတဲ့ ကောင်မလေးအတွက်
ငါ့……..ပေးဆပ်မှုတွေ အစွမ်းကုန် ……..
နင်လိုသလောက် ပုံအောပေးချင်ခဲ့တာပါ………..။
( ဒီကဗျာကို နင်ဖတ်တဲ့အခါ……..နင့်အတွက်ငါ ရှိနေတာ နင် လက်ခံသင့်တယ်)
Ku Kuu
5 Mar 2011
(10:55 AM)
Comment #2
ခံစားသွားပါတယ် ကူကူး
အရမ်းကောင်းပါတယ်
By: စိုင်းကောင်းစံ at Mar 5, 2011
Comment #3
ကဗျာကောင်းလေးပါပဲဗျာ
By: အသဲကွဲမိုး at Dec 9, 2011
Comment #4
oh,,god,,,
d lout taung pe lar?
e dar myo 1 ke shi loh lar hin?
a yan ko lae sar mi par de shin,
By: ei lay at Mar 23, 2012
Comment #5
really really touching me
By: ei lay at May 9, 2012
Comment #6
:”(
:'(
:'(
do as u like,
i m ready to give up.
By: ei lay at Oct 16, 2012
Comment #7
:'(
:'(
:'(
be hna khar phat phat a yann khan sarr ya de,
a yann ko arr kya mi par de
By: ei lay at Dec 30, 2012
Comment #8
:'(
🙁
:'(
:'(
By: ei lay at Jan 23, 2013
Comment #9
So so touching
By: ei lay at Apr 21, 2013
Comment #10
kaung tal nar ..
By: cynthia at May 10, 2013




Comment #1
ကူကူး…..နင်တောင် ကဗျာတွေရေးတက်နေပြီပဲ
ငါ အားပေးပါတယ်
နင့်ဒီကဗျာက…………
ဘာပဲဖြစ်ဖြစ် သူငယ်ချင်း ဒီကဗျာလေးက ကောင်းပါတယ်
ဒီလိုခံစားချက်မဟုတ်တဲ့ ကဗျာတွေလည်း ငါဖတ်ချင်သေးတယ်……။ဆက်ရေးဦးနော်…….။