Professional Authors

အရောင်ခွဲခြမ်းခြင်း

 ညစ်ထေးနေတဲ့ 
ဖြူစင်မှု့ တွေကတော့ 
သက်တမ်းရှည်တယ်မေမေ…………

..
ကျနော့ ဖြစ်စဉ်မှာ
ဘယ်တုန်းကမှ
ပြိုင်ပွဲဝင်ခွင့် မရှိတဲ့ 
အင်အားစုတွေပိုင်ဆိုင်ရတဲ့ အခါ
မွေးဖွါးပြီး
သေးဆုံးရမဲ့ 
ကြားကာလကိုမုန်းလာတယ်
……………………
နားထင်ကို
သွေးပို့ ပို့ ပြီး
အခွံထဲဝင်မအောင်တက်တော့ လဲ
တခါတလေ
ကျနော်ကပဲရွာပြင်ရောက်သွားပြန်တယ်မေမေ……..
နေ့ စဉ်ဇာတ်ခုံပေါ်မှာ
တစ်ကယ်ချောလဲတဲ့ သူက
အမှန်ဆိုနည်းပါတယ်မေမေ………..
ကျနော့ ကဗျာကို
ကျယ်ကျယ်ရွတ်ဆိုလိုက်တဲ့ အခါတိုင်း
ကျနော်မိုးခါးရေ
မသောက်ဖြစ်တာကိုတော့ 
သတိထားမိလိုက်တယ်
အဲ့ ဒီတော့ 
ကျနော်နဲ့ ကျနော့ ကဗျာလဲ
သင်းကွဲတယ်မေမေ………….
………………………………

                                            မင်းလူန

In: ကဗျာ Posted By: Date: Nov 18, 2010
Comment #1

နားထင်ကို
သွေးပို့ ပို့ ပြီး
အခွံထဲဝင်မအောင်တက်တော့ လဲ
တခါတလေ
ကျနော်ကပဲရွာပြင်ရောက်သွားပြန်တယ်မေမေ……..
နေ့ စဉ်ဇာတ်ခုံပေါ်မှာ
တစ်ကယ်ချောလဲတဲ့ သူက
အမှန်ဆိုနည်းပါတယ်မေမေ………..
ကျနော့ ကဗျာကို
ကျယ်ကျယ်ရွတ်ဆိုလိုက်တဲ့ အခါတိုင်း
ကျနော်မိုးခါးရေ
မသောက်ဖြစ်တာကိုတော့ 
သတိထားမိလိုက်တယ်
အဲ့ ဒီတော့ 
ကျနော်နဲ့ ကျနော့ ကဗျာလဲ
သင်းကွဲတယ်မေမေ………

commentinfo By: chityellusoelay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment