Professional Authors

ဖြစ်ရိုးဖြစ်စဉ်

မျက်နှာတစ်ခုတည်းမှာ
မျက်နှာစာများများဖွင့် ထားတက်တာ
လူတဲ့ …….မေမေရေ
အရောင်ပြောင်းတဲ့ ကောင်ကင်မရှိပေမဲ့ 
အရောင်ပြောင်းတဲ့ အပြုံးတွေတော့ 
ခဏခဏမြင်ဖူးနေပါပြီ…………

.
ကြယ်ကြွေတာမြင်ရတိုင်း
ကျနော်က
ဖလော်တစ်ခုကိုခဏခဏ
ရွတ်မိတယ်
ပညက်သွားသွားမသွားသွား
ဓါတ်သက်ပါမှာပဲလေလို့ 
အဆန်းကြယ်ဆုံး
ဓာတုလက်နက်ကို
လူကမွေးတယ်
လူကိုလူကပြန်မွေးတယ်
ဒါပေမဲ့ မေမေ…………..
လူကပဲလူကို
စက္ကူချပ်ကလေးတွေကြားခံပြီး
စားသောက်နေကြပြီ
မြို့ ပြက
တဖြေးဖြေးမှောင်လာတိုင်း
ဦးနှောက်ကိုမီးထထဖွင့် ရင်း
သွေးပူအောင်
လက်ပူတိုက်ရင်း
ကျနော်လဲအရောင်ပြောင်းမိခဲ့ တယ်
တောရိုင်းမှာ
တောသားဖြစ်ဖို့ 
ကြိုးစားမိရုံပါမေမေ………..
………………………………
………………………………
                                     မင်းလူန

In: ကဗျာ Posted By: Date: Nov 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment