Professional Authors

လမ်းခွဲ

ဒီလမ်းပေါ်မှာ..
ကျော်ချင်းကပ်ထားရင်း
ငါတို့ ….ရပ်နင့်နေကြပြီ။

မင်းမှာတော့ ပီတိအပြုံးတစ်စုံနင့်..
ငါ့မှာတော့ မျက်ရည်များစွာနင့်ပေါ့။

မင်းကျေနပ်ဖို့ ဆို..
အချိန်ကာလတစ်ခုထိ
ငါ့နလုံးသားကို
လောင်မြိုက်ခွင့်ပြုပါ့မယ်….။

စိတ်ချပါချစ်သူ….။
မင်းပျော်နေတဲ့အချိန်မှာ
ငါမငိုပါဘူး..။
ဒါကငါ့ရဲ့ပထမအသဲကွဲခြင်းမှမဟုတ်ပဲ…။

မင်းကိုလဲမမုန်းပါဘူး။
ငါ့ကိုမုန်းလို့ ထားခဲ့တာမှမဟုတ်ပဲ
အချစ်မရှိတဲ့လမ်းကိုဆက်မလျောက်ကြဂုံပဲ။

နောက်ဆုံးအနေနဲ့ ..
ငါ့မျက်ရည်ကြားမှာ..
ကြိုးစားထိုးဖောက်လာသော
အပြုံးတစ်ပွင့်နင့်အတူ..
ဒီလမ်းခွဲလေးမှာ….နှုတ်ဆက်ခဲ့ပါတယ်ချစ်သူ

In: ကဗျာ,Others Posted By: Date: Nov 17, 2010
Comment #1


ခံစားချက်တွေတူနေတယ်

commentinfo By: အသဲကွဲမိုး at Nov 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment