Professional Authors

ဆောင်းညထရက်ဂျဒီ

 

 

 

မျှော်ကြည့်လိုက်တိုင်း

 

မျက်လုံးထဲမြူတွေဝေ့ဝေ့လာ

ဆောင်းရာသီကပဲနောက်ကျနေတာလား

မိုးရာသီကပဲရှည်လွန်းတာလား

ငါ့ဇွန်ပန်းရုံလေးခမျာ.

ဆောင်းဦးမှပွင့်မယ့်ပန်းတွေ

သူ့ခြေရင်းမှာဖွေးဖွေးလှုပ်ပေါ့

ကောင်းကင်ကိုမော့ကြည့်တော့လည်း

မှုန်ပျခဲ့ရကြယ်တွေတစ်ရာနှစ်ရာ

ရာသီဥတုဆိုးရွားလိုက်ပုံများ

ငါ့ငယ်ချစ်ဦးလေးတောင်

ခေါ်မကြားအော်မကြားနဲ့

ရင်ဘတ်နဲ့လှမ်းခတ်တာတောင်မီးပွင့်မလာတော့

ဒီလိုနဲ့……….

ခေါင်းဦးအောက်ကလရောင်လေးလည်း

ပွတ်သပ်ကြည့်ရင်းလုံးပါးပါးခဲ့ရဒီရာသီ  ။

In: ကဗျာ Posted By: Date: Nov 16, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment