ငိုရင်းရေးတဲ့ ကဗျာ -သစ်ပင်
ငိုရင်းရေးတဲ့ ကဗျာ
နေ့လည်စာကို အငတ်ခံပြီး
ငါ့ကို ထမင်းဘူးလေး
ပေးခဲ့ဖူးရဲ့ ။
ကျူရှင်ချိန် ခဏ အနားမှာ
ဖျားနေတဲ့ ငါ့အတွက်တဲ့
အသားလုံး ခေါက်ဆွဲ ဆိုတာကို
အမောတကော လာတိုက်ဖူးခဲ့ ။
Broke ဆိုတဲ့ အဓိပ္ပာယ်ကို
ခံစားနေုတုန်း
ခေါင်းအုံး အောက်မှာ
ငါ့ အိပ်ကပ်ထဲမှာ
ငါ မသိစေပဲ
တစ်ထောင်တန် လေးတွေကို
ထားခဲ့ဖူးရဲ့ ။
သူ့ အတွက်ဆိုတာ မရှိဘူး
သူ့ ဖို့ဆိုတာ မသိဘူး
အသက်နဲ့ ရင်းပြီး ငါ့ကို ချစ်ခဲ့
ဘ၀နဲ့ လဲပြီး ငါ့ကို ချစ်ခဲ့
အရာရာဟာ ငါ့ အတွက်တဲ့။
စိတ်ဆင်းရဲအောင်
အကြိမ်ကြိမ် လုပ်ဖူးတယ်
မျက်ရည်ကျအောင်
အခါခါလုပ်ဖူးတယ်
ခွင့် မလွတ်နိုင်စရာ အမှားကိုလည်း
ကျူးလွန်ဖူးတယ်.။
သြော်……ငါ့အတွက်နဲ့
မျက်ရည်ကို ဒူးနဲ့သုတ်
နာကျင်တဲ့ရင် ကွဲနေတာတောင်
ခွင့်လွတ်အပြုံးနဲ့
နှစ်သိမ့်ပေးခဲ့ဖူးရဲ့။
သြော်….
၎ နှစ်တာကာလက ၄ ရက်လိုပါပဲ
မင်း မရှိတဲ့ ဒီအမှတ်တရနေ့လေးကို
ဘယ်လို ရင်ဆိုင်ရမလဲ
အဲ့ဒီနေ့မှာ
မိုးရွာမယ် မရွာမယ်
မသေချာဘူး။
ဒါပေမယ့်
ချစ်သူ ခြေဖ၀ါးလေးတွေ
နွေးထွေး နေပါစေ။
ခြေစွယ်ငုပ်တတ်တဲ့
ချစ်သူရဲ့ ဘယ်ဘက်ခြေမလေး
ဒဏ်ရာကင်း နေပါစေ။
အတိတ်ကို တွေးမိလို့
စီးကျလာတဲ့ မျက်ရည်တွေက
တားလို့မရတဲံ ရေတွေလိုပဲ။
ကဗျာရေးရင်း
နောင်တတွေနဲ့
ရှိုက်ကြီးတငင် ငိုနေမိတဲ့
ငါ့ကို တွေ့ရင်
အရင်လို အတူ လိုက်ငိုပြီး
နှစ်သိမ့်ဦးမှာလား?
ဘာပဲ ဖြစ်ဖြစ်ပါ
ငါ့ရဲ့ ငိုရင်းရေးတဲ့ကဗျာလေး တစ်ပုဒ်ကတော့
ငါတို့ နှစ်ယောက်ရဲ့
၎ နှစ်ပြည့်တဲ့ နေ့လေးအတွက်
အမှတ်တရလေးတော့ ဖြစ်နေမှာပါ။
သစ်ပင်
Comment #3
ကဗျာက ငိုရင်းရေးထားမှန်းတကယ်သိသာတယ်ဗျ
တကယ်စိတ်မကောင်းဘူးဗျာ ဒီကဗျာလေးဖတ်ရတာ
သစ်ပင် နဲ့ သစ်ပင်ရဲ့တစ်ယောက်လည်း ခံစားချက်တွေမှန်ရင် တစ်ချိန်ချိန်မှာပြန်လည်တွေ့နိုင်မှာပါ
ကဗျာလေး အားပေးသွားကြောင်းပါ ~~
                        By: X - ray at Nov 20, 2011
                    Comment #4
စိတ်မကောင်းပါဘူးဗျာ…..
တကယ်ပါ….
ခံစားအားပေးသွားပါတယ်….ပျော်ရွှင်အဆင်ပြေပါစေလို့
                        By: အသဲကွဲမိုး at Apr 6, 2012
                    Comment #6
So much touching.
                        By: moe sat at Oct 22, 2012
                    Comment #7
Thz so much.
                        By: ei lay at Oct 22, 2012
                    Comment #10
(Y)
                        By: ei lay at Jan 18, 2013
                    Comment #11
သူ့ကိုပဲတန်ဖိုးထားပေါ့ .. အမြန်ဆုံးမသိခဲ့ပေမဲ့ အမှန်ဆုံးရွေးချယ်ခဲ့တယ်မဟုတ်လား
                        By: မေပျို at Jan 18, 2013
                    



 
Comment #1
ကောင်းတယ်ဗျာ ..ကဗျာလေးက ကျေးဇူးပဲနော်………