Professional Authors

သုံးပန်လှချစ်သူ

 

“ပိန်းကြာရွက်လေး”
….. ချစ်သူ …..
ငါ့လို “ကံဆိုးမလေး” သွားရာ
လိုက်လို့ရွာတဲ့ မိုးကို
မင်းဘယ်လောက်များ
ဒဏ်ခံပေးနိုင်မှာလဲ?
မိုးလေတို့ နှိပ်စက်လို့
ခေါင်းစိုက်ညှိုးနွမ်းသွားမှာ
ငါ့ရင်မချိပါဘူး

 

 

“ထန်းလက်လေး”
….. ချစ်သူ …..
ငါ့လို “ကံဆိုးမလေး” သွားရာ
လိုက်လို့ပစ်တဲ့ မိုးကြိုးကို
မင်းဘယ်လောက်များ
ကာကွယ်ပေးနိုင်မှာလဲ?
လောကဓံ မိုးကြိုးနှိပ်စက်လို့
မင်းပူလောင်ကျွမ်းရမှာ
ငါ့ရင်မချိပါဘူး



“စာသူငယ်လေး”

….. ချစ်သူ …..
ငါ့လို “ကံဆိုးမလေး” ကို
မင်းဘ၀အတွက်
ခဲတစ်လုံးမဖြစ်ရအောင်
အလိမ္မာအသိလေးနဲ့ ရှောင်ရှားရင်
….. “မင်း” …..
နောင်နားလည်လာမှာပါ
အမှားဆိုတာ လူတိုင်းမကင်းပေမယ့်
တို့နှစ်ယောက်ကတော့
အမှားနဲ့ဘ၀ ကွာရှင်းလိုက်ကြပါစို့!

In: ကဗျာ Posted By: Date: Nov 13, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment