Professional Authors

သတိဆွဲချိန်

သတိဆွဲချိန်
သူမအိမ်တန်း လေးခွလမ်းမို့
ဘယ်လမ်းကပြန်သလဲ
အချိန်မှန်လဲ မှန်းမရဘူး
စမ်းရေတွင်းသူကိုမှ ငန်းမိလို့ပူ
ဒီရင်ထဲက ရမ်းဘီလူးသံကြောင့်
တွေ့ရအောင် လာခဲ့သူ…
   တစ်ဆိုင်ကို လေးဆယ့်ငါးမိနစ်နှုန်းနဲ့
   သုံးလေးဆိုင်လှည့်ပတ်ကာ သတိဆွဲ
   မျိုးစုံအောင်မှာစားမိသည်က
   ရင်ပြည့်ဖို့ရန် အကြောင်းဖန်
   ဖန်ခါးရေထပ်ကာပိုးတော့
   မအီမသာ ရင်ကယ်တာနောက်တစ်မျိုးတိုး
   မောင့်ချစ်သူ လာလိမ့်နိုးနိုးနဲ့
   မျှော်ရသည့် အခါမျိုးမှာ
   ပေါ့ပေါ့လေးလေး ထလည်းမပြေးရဲဘူး
   သမိုင်းပေးက အရေးလေးသည်မို့လား….
ဆွေးရင်းငေးရင်း ပေါ်လာချိန်ကျော်
ဒီညလည်း မျှော်သူသာမောပေါ့
သည်လမ်းက မပြန်ဘူးငါထင်သနော်
ခေါ်လာသူအဖော်က ငြူဆူကာပြောမှ
လိုင်းကားသံ မစဲခင်
ကဲ! ပြန်ကြမယ် သူငယ်ချင်း…..
နေ့သစ်(22.10.2010)
12.am to 3.am

In: ကဗျာ Posted By: Date: Nov 9, 2010
Comment #1

ကျော်မသွားဘဲ.. အားပေးသွားပါတယ်ရှင်.. ကဗျာထဲကအတိုင်းဆို… မျှော်ချည်းပဲမနေဘဲနဲ့… သူသိအောင်လုပ်လိုက်ပါလား.. 😀

commentinfo By: ရွှေငါး at Nov 10, 2010
Comment #2

idea ကိုယ်အရမ်းသဘောကျပါတယ်

commentinfo By: Ma Nay Nwe Aung at Nov 10, 2010
Comment #3

ဖက်မိသူတွေသနားအောင် ရေးလိုက်တာ
မသားနားတဲ့အပြင် idea ကိုသဘောကျတယ်တဲ့
……..အမေရေ……သားငိုနေတာ ရီစရာကြီး….ဖြစ်နေပီ…

commentinfo By: nate thit at Nov 10, 2010
Comment #4

ကဗျာထဲမှာ ညနေ 5.30လောက်ကနေ …9.30 ထိ ထိုင်စောင့်ရတယ်ဆိုတဲ့ အကြောင်းပါမသွားဘူး
………သူသိအောင် ပြောဖို့သွားပါတယ်………
ဒါပေမယ့်…ဒါပေမယ့်ပေါ့လေ…..

commentinfo By: nate thit at Nov 10, 2010
Comment #5

ဒါပေမဲ့မနေနဲ့.. ဒါပေမဲ့ရင်းနဲ့နောက်ကောက်ကျသွားမယ်နော် .. 😀

commentinfo By: ရွှေငါး at Nov 11, 2010
Comment #6

ကိုယ်သွားတိုင်း စိတ်မပါ…
ဟုတ်ပါဘူး …..
ကိုယ်သွားတိုင်း မတွေ့ရတာ….ဘယ်နှယ့်လုပ်လို့ရမလဲ
ူးးးးးးတိုက်အောက်မှာ မုန့်ဖက်ထုပ်
်သွားရောင်းရောကာင်းမလားလို့
း)…း)းးးး)

commentinfo By: nate thit at Nov 13, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment