Professional Authors

ရိုက်ချက်

Music သံအဆုံး Phone ထဲကအသံ

ချိုလွင်ယောင် မပီကလာနဲ့

သကာ မဲ့ပြုန်း

မျက်ရည်ယိုဗုံးလို

ငါ့နားဝ အပြင်ဘက်

နားစည် ပျက်လောက်အောင်

မိုးကြိုးထက်ကြမ်းရှ

နှုတ်ထွက်ကျ ဒီစကား

ရေရွတ်ပါများပြန်တော့

နားဝက လက်မခံချင်

မဆက်ဆံချင်တော့တဲ့အထဲ

ထိပ်ဆုံးက “နင်” လည်းပါတယ်


ဦးနှောက်ထဲ အသံလှိုင်း

ဖြတ်စီးချက် ရိုင်းသလောက်

စနက်တံ ကြိုးတစ်လျှောက်

ဖြိုးဖြိုးဖျောက် မီးပန်းလို

စကားလုံး ရှို့အားသုံး

ရင်အုံဆီ ခွင်းလာနှုန်းက

အမိန့်ဆန်ဆန် တစ်ချက်လွတ်

လက်မရွံ့ သံနဲ့များ

ငါပျက်သုဉ်းသွားမယ် ထင်သလား?


နားလိုက်စမ်း! နင့်ပါးစပ်

နင့်ဦးနှောက် အခန်းပျက်ထဲက

အရောင်မွဲမွဲ စကားလုံးတွေ

ငါ့ရှေ့လာခါမချနဲ့

လက်မပါတဲ့ ရိုက်ချက်ပြင်း

ရည်ရွယ်ရင်း တူရင်တောင်

မာနကို အနားသတ်

ခပ်ပါးပါး စကားမှတ်ပြီး

မဏ္ဍပ်တိုင်တက်ပြဖို့

နင့်ခါးတောင်းလုံပါစေ

“…….” ရေ …

In: ကဗျာ Posted By: Date: Nov 9, 2010
Comment #1

ကျွန်တော်ဒီကဗျာ…ကို တော် တော် ခိုက် သွား ပြီ

commentinfo By: Demon 13 at Nov 9, 2010
Comment #2

အဲဗျ…..ဒေါသ သင့်တဲ့ကဗျာလေးဟ……

commentinfo By: moehtetaung18 at Nov 9, 2010
Comment #3

အင်းနော်
ခါးမလုံရင်တော့
ဒေါသမထွက်ဖြစ်ပဲ
တစ်ခုခုထွက်လာလောက်တယ်…
😛

commentinfo By: ကိုဇင် at Nov 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment