Professional Authors

မင်း..ထင်သလား

ဟန်ဆောင်ရခြင်း နောက်ကွယ်မှာ

ကျေနပ်နိုင်မယ် ထင်သလား…………….။

 

ပြုံးနေရခြင်း နောက်ကွယ်မှာ

သာယာနိုင်မယ် ထင်သလား…………….။

 

တည်ငြိမ်ရခြင်း နောက်ကွယ်မှာ

မျှော်လင့်ချက်မဲ့နိုင်မယ် ထင်သလား…..။

 

ရိုးရှင်းရခြင်း နောက်ကွယ်မှာ

နှောင်ကြိုးမဲ့နိုင်မယ် ထင်သလား……….။

 

ချန်နေခဲ့ခြင်း နောက်ကွယ်မှာ

ပျော်ရွှင်နေနိုင်မယ် ထင်သလားကွယ်…………….…..။

In: ကဗျာ Posted By: Date: Jul 30, 2013
Comment #1

မထင်ပါဘူးခင်ဗျာ … ။ 🙂

အားပေးသွားပါ၏

commentinfo By: loafer at Jul 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment