Professional Authors

ဝေးနေမှဖြင့် ဒိန်ခဲပျားရည်တစက်က

ဒိန်ခဲ ပျားရည် တစ်စက်
ပျော်ရွှင်မှူ
အဲသဟာကလေး အငွေ့မပျံ မကုန်ဆုံးမီ
အသက်ဆက်ဆက်

သိအောင်ပြောရရင်
ရှေ့လဲမတိုးဝံ့ဘူး
သုံးခါကြီးများကျအောင်လွန်လွန်းပြီ

ဝမ်းနည်းလား ဝမ်းနည်းရဲ့
ဘီလူးမျက်ရည်
ဆိုစကားအမှားအကြမ်းတွေအတွက်
ကမ္ဘာကုန်အောင် တွန့်ဆုတ်နေရစ်တော့

တကယ်တမ်းမှာက
စကားလုံးတွေမလို အပ်ဘူး
ဝေးနေမှဖြင့်။  ၊

ဩမြိုင်

In: ကဗျာ Posted By: Date: Nov 8, 2010
Comment #1

…ပုရွက်ဆိတ်ကိုက်ခံရတဲ့ ကဗျာ…

commentinfo By: ythasae at Feb 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment