Professional Authors

ယောင်ရမ်းစွာ လှပမှု

သူများတွေကတော့
အလွမ်း” လို့ အမည်တပ်ကျတယ်
တကယ်တမ်းက
အရမ်းကြမ်းတဲ့ မုန်တိုင်းတစ်ခုပါ…။

တချို့ ကတော့
အထီးကျန်မှု” လို့ ခေါ်ကျတယ်
တကယ်တမ်းက
အေးစက်မာကျောတဲ့ ဆောင်းတွင်းတစ်ခုပါ…။

လူတွေက
ခံစားချက်တွေ” ပါလို့  ခပ်ပေါ့ပေါ့ပြောကျတယ်
တကယ်တမ်းက
ဥသြမတွန်နိုင်တဲ့ “နွေကန္တာရ” တစ်ခုပါ…။

အေးစက်တဲ့ဆောင်း ရဲ့ ကိုလိုနီလက်အောက်ခံ
နွေကန္တာရအလယ်က
ခက်ထန်တဲ့ မုန်တိုင်းသင့်
သည်နှလုံးသား ရပ်ဝန်းအတွက်
ဆေး” တစ်ခွက်က…
သူ့ “အချစ်” တစ်ခုတည်းပါ…။

In: ကဗျာ Posted By: Date: Nov 6, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment