Professional Authors

ကြယ်ကြွေတဲ့ညနေ

                                                      ကြယ်ကြွေတဲ့ညနေ

လေကြီးမိုးကြီးနဲ့
ကြယ်မစုံတဲ့ညကိုမှ
လရောင်လက်ချင်နေတဲ့ကောင်….
မင်းရှေ့မှောက်ရောက်တိုင်း
ဒူးထောက်ခစားရတာများ
ပြားပြားကိုဝပ်လို့
ထားပါတော့
သီအိုရီအရဆိုရင်
ညမွှေးပန်းကညအတွက်ပဲပွင့်ရမှာပေါ့
ဒါ မဆန်းဘူး
အခုတော့ ငါ့ရင်ထဲမှာ
ဆိုင်သူမသိတဲ့အလွမ်းတွေသာ
ခြေရာချင်းထပ်နေခဲ့
တစ်ခါတစ်လေ…..
ရင်ခုန်သံတချို့တ၀က်နဲ့
ခိုးခိုးမက်ခဲ့ရတဲ့အိပ်မက်တွေမှာ
ငါ့နတ်သမီးကိုငါမြင်တယ်
ကောင်မလေးရေ….
ငါသာကြယ်တစ်ပွင့်ဆိုရင်
နင်ဆုတောင်းပြည့်ဖို့
ကိုယ်ကိုယ်တိုင်ကြွေကျပေးပါ့မယ်
ကောင်းကင်ဘယ်လောက်မှောင်မှောင်
အရောင်မပြောင်းကြေးလေ…..။

In: ကဗျာ Posted By: Date: Dec 23, 2013
Comment #1

I like your poem. Good.
ကောင်မလေးရေ….
ငါသာကြယ်တစ်ပွင့်ဆိုရင်
နင်ဆုတောင်းပြည့်ဖို့
ကိုယ်ကိုယ်တိုင်ကြွေကျပေးပါ့မယ်

commentinfo By: moezat at Dec 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment