Professional Authors

ခရမ်းပြာ ဝိုင်

မိခရမ်းရေ..

ရှုပ်ပွနေတဲ့ နင့်အခန်း

ရှင်းလင်းထားပေးပါ

ငါ့အလွမ်းတွေ နေရာယူချင်နေလို့ပါ။

 

ပန်းခရမ်းပြာရေ…

မှုန်ဝါးဝါး အဲဒီတစ်ညက…..

မမြင်မစမ်း ငါ့အလွမ်းတွေပို့ဖြစ်ပါရဲ့

နင့် ကမ်းကိုကပ်ရဲ့လား ခရမ်းပြာ။

 

မဟုတ်တမ်း မပြောခဲ့ဘူးခရမ်းပြာ

(အဲဒီတစ်ညက)

ဖမ်းဆုပ်မိတဲ့ အရာတိုင်း

ဖွင့်ကြည့်တိုင်း နင့်နာမည်ဖြစ်နေရဲ့။

 

ဟေမာန်ပြန်ရောက်ပြီ မိခရမ်းပြာ

နောက်ဆုံးအခေါက်က

နင့်အပြုံးတွေ ခပ်ကျဲကျဲစိုက်ထားတဲ့နေ့

ငါလဲ ခေါင်းငုံ့ရင်း မှတ်မိသေးတယ်။

 

ဆိုတော့… မတော်တစ်ဆပဲ

သတိရဖူးတယ် ခရမ်းပြာ

ငါ့စိတ်တွေ တစ်ခါပြန်ငယ်သွားတိုင်း

တောင်တန်းက မြေနီလမ်းကို လျှောက်တိုင်း

ခြံထဲက နှင်းဆီပန်းတွေ လှိုင်လှိုင်ပွင့်တိုင်း

ငါ ဖွဖွလေးလွမ်းခဲ့ဖူးပါရဲ့။

 

ဒိုင်ပွဲရပ် သရေနဲ့လဲ

ငါကျေနပ်ခဲ့ပါတယ် ခရမ်းပြာ

တစ်ရာသီကုန် တစ်နှစ်ပြောင်း

နင် နေ ကောင်း ပါ စေ။

In: ကဗျာ Posted By: Date: Jan 29, 2012
Comment #1

nay kaung par say so de su taung lay pyay chin par e.

really cute nice poem.
with lots of love.

commentinfo By: ei lay at Jan 29, 2012
Comment #2

အားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ။ မအိလေးကတော့ ဒီမှာတော်တော်ပျော်ထင်ပါ့။
နေ့တိုင်းကိုတွေ့နေရတယ်ဗျ။ 🙂

commentinfo By: saiaipee shanland at Jan 29, 2012
Comment #3

he,,he,,lol,,
hote de,,
nay ma kaung loh,,a pyin ma htwke ya loh,,
poems tway pe a da kone phat nay tar,,
war ta nar par lar p,,yae tat chin de,kwi,,kwi,,

commentinfo By: ei lay at Jan 29, 2012
Comment #4

တောင်တန်းက မြေနီလမ်းကို လျှောက်တိုင်း

ခြံထဲက နှင်းဆီပန်းတွေ လှိုင်လှိုင်ပွင့်တိုင်း

ငါ ဖွဖွလေးလွမ်းခဲ့ဖူးပါရဲ့။

commentinfo By: kantkawmg at Jan 29, 2012
Comment #5

အားပေးကြတာ တစ်ကယ်ကျေးဇူးတင်ပါတယ်ဗျာ။ 😉

commentinfo By: saiaipee shanland at Jan 29, 2012
Comment #6

ပန်းခရမ်းပြာရေ…

မှုန်ဝါးဝါး အဲဒီတစ်ညက…..

မမြင်မစမ်း ငါ့အလွမ်းတွေပို့ဖြစ်ပါရဲ့

နင့် ကမ်းကိုကပ်ရဲ့လား ခရမ်းပြာ။

commentinfo By: zawthetoo at Jan 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment