Professional Authors

ရာသီမှားတဲ့ မြစ်

နင့်ဘ၀ သောင်ထွန်းဖို့ 
ငါ့ဘ၀ ကမ်းပြိုပေးခဲ့တာပါ
နေ့ ညမှားတဲ့ ကောင်းကင်
အငြိုးတွေဆင်ပြီး
(ဒီမြစ်ရိုးထဲ………)
မိုး……………………
……………………….
ရာနှုန်းပြည့်ရွာတယ်

ဘ၀ကိုရိုက်ချိုး
နင့်အတွက်ထီးလုပ်မိုးပေးခဲ့တာပါ
(မလုံမလဲ…….)
နဲနဲလေးတော့စိုလိမ့်မယ်
နားလည်ပေးသင့်ပါတယ်ကလေးရဲ့

ဘိုးစဉ်ဘောင်ဆက် အလွမ်းတွေနဲ့ 
တောစဉ်တောင်ထပ်
(ကသုတ်ကရက်…….)
ခရီးပြင်းနှင်ခဲ့ရတဲ့ကောင်ပါ
အခုတော့…….
လမ်းတွေကွေ့ ကောက်
ပင်လယ်တွေလည်း ပျောက်နေခဲ့ရပေါ့

(ကြည့်ကြစမ်းပါဦးဗျာ…..)
သူ့ ဘ၀သောင်ထွန်းဖို့ 
ကျွန်တော့်ဘ၀ ကမ်းပြိုပေးခဲ့တာပါ………
……………………………………………..
ဘ၀ကို ရိုက်ချိုး
သူ့ အတွက်ထီးလုပ်မိုးပေးခဲ့တာပါဗျာ…….
……………………………………………..
(ဒါနဲ့ တောင်မှ….)
ဒီမြစ်ရိုးထဲ အဲဒီမိုးက
ဘာလို့  ဒီလောက်သည်းနေခဲ့တာလဲဗျာ……
………………………………………………………။                       ။

In: ကဗျာ Posted By: Date: Oct 22, 2010
Comment #1

အာ…မိုက်တယ်ဗျာ….တကယ်မိုက်တယ် ကဗျာက

commentinfo By: သားသား at Oct 22, 2010
Comment #2

ကျေးဇူးအများကြီးတင်ပါတယ်ဗျာ…..

commentinfo By: moehtetaung18 at Oct 23, 2010
Comment #3

ဂွတ်ရှယ်..။။။

commentinfo By: အမရာ at Oct 25, 2010
Comment #4

ကျေးဇူးတင်ပါတယ်ခင်ဗျာ……

commentinfo By: moehtetaung18 at Oct 28, 2010
Comment #5

😀

commentinfo By: အမရာ at Oct 28, 2010
Comment #6

နင့်ဘ၀ သောင်ထွန်းဖို့ 
ငါ့ဘ၀ ကမ်းပြိုပေးခဲ့တာပါ
နေ့ ညမှားတဲ့ ကောင်းကင်
အငြိုးတွေဆင်ပြီး
(ဒီမြစ်ရိုးထဲ………)
မိုး……………………
……………………….
ရာနှုန်းပြည့်ရွာတယ်
(ဖြောင်းဖြောင်းဖြောင်းမိုက်တယ်)

commentinfo By: အသဲကွဲမိုး at Nov 17, 2010
Comment #7

🙂 🙂

commentinfo By: moehtetaung18 at Nov 17, 2010
Comment #8

ဘ၀ကို ရိုက်ချိုး
သူ့ အတွက်ထီးလုပ်မိုးပေးခဲ့တာပါဗျာ…….
……………………………………………..
(ဒါနဲ့ တောင်မှ….)
ဒီမြစ်ရိုးထဲ အဲဒီမိုးက
ဘာလို့  ဒီလောက်သည်းနေခဲ့တာလဲဗျာ……
………………………………………………………။ ။

commentinfo By: zawthetoo at Aug 3, 2012
Comment #9

(ဒါနဲ့ တောင်မှ….)
ဒီမြစ်ရိုးထဲ အဲဒီမိုးက
ဘာလို့  ဒီလောက်သည်းနေခဲ့တာလဲဗျာ……
………………………………………………………။ ။
ဘယ်နှစ်ကြိမ်မြောက်မှန်းမသိလောက်အောင် ခဏခဏ ဖတ်တဲ့ကဗျာတစ်ပုဒ်ပါ။
ကိုမိုးထက်အောင် ရဲ့ ကဗျာအသစ်ကို အရမ်းမျှော်လင့်နေပါတယ်။
(poemscorner သို့ကဗျာမတင်တာ အရမ်းကြာပီဖြစ်သော ကိုမိုးထက်အောင် သို့……..)

commentinfo By: နွေ at Feb 3, 2013
Comment #10

Choice of words & feelings r so strong

commentinfo By: ei lay at Feb 3, 2013
Comment #11

ဟုတ်ကဲ့ပါဗျာ…..
ကျွန်တော့်ရဲ့ဟိုးအရင်စကတည်းကတင်ခဲ့တဲ့ ကဗျာလေးတွေကိုတောင်သိတဲ့အစ်မတော် နွေကိုကျေးဇူးအများကြီး
တင်ပါတယ်ဗျာ…..ကဗျာအသစ်လေးတွေကြိုးစားရေးသားပြီးတင်ပေးပါ့မယ်ဗျာ…..
အစ်မတော် အိလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။

commentinfo By: moehtetaung18 at Feb 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment