Professional Authors

လှလွန်းသူ – နရီထက်

လှလို့ ၀တယ် ပြောပြော
ဝလို့ လှတယ် ကဲကဲ
မျက်နှာလေးက
နုဖတ်နေသေးတယ်
အသက်မှန်းမရအောင်ကွယ်

၁၆ နှစ်ပေါက်စ ထက်
၁ ရက် ငယ်သေးတယ်
အရွယ်တင်လွန်လွန်းလို့ အားကြီးရယ်

ဗိုက်ခေါက်က ပျော့တွဲကာ
ဗူးသီးလုံးလား
ဖရဲသီးလုံးလား
ရေရွှဲဗိုက်လေးလား
စုဗူး ဆုဖို့ သိမ်းထားလေးတယ်
ဝိတ်ချနေတုန်းရယ်

လူမြင်ရင် မေးကာကွယ်
သူ ဗိုက်ကြီး ကျသွားလေးသလား
အင်း ဆိုလေရင်
သူ သဘောကျကာ
ဗိုက်ကလေးကို ပွတ်သပ်ကာရယ်
Exercise လည်း နေ့တိုင်း လုပ်ပါတယ်
ကျတော့ကျပါရဲ့ သူဗိုက်ကြီးက
စပါးစေ့တစ်စေ့စားလောက်ကွယ်

သူ့ဗိုက်ကို ကြည့်ကာ
ပြောလေရှာတယ်
ထမင်းစား လည်း နည်းနည်းစားတယ်
အစားအသောက်ကို ချင့်ချိန်ကာရယ်
သွေးသားကြောင့် ၀လာတာ
ြုဖစ်မယ်ထင်တယ်
မျိုးရိုးကြောင့် ရလာတာ
ဖြစ်မယ်ထင်တယ်

သူ့ပါးကလေးကို ကိုင်ကာ
အရွယ်တင် နုလွန်းအားကြီးတယ်
ဗိုက်ခေါက်ကို အသက်ရှုအောင့်ကာ
ဗိုက်ကလေး ပျောက်သွားသလား
နေ့တိုင်းပဲ လူတိုင်းကို
မေးနေရှာတယ်
ဝလွန်းသူရယ်
( အဲ . . . ယောင်လို့ . .  .)
လှလွန်းသူရယ်. . . ။     ။

နရီထက်
( ၂၁ ၊ အောက်တိုဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Oct 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment