Professional Authors

ခေတ္တပန်းသခင်

ပန်းလေးမပွင့်ခင်ဘဝ
ခဏတာခင်လိုက်ရတဲ့
ပန်းသခင်ပါ။

ပန်းလေးရယ်
ငါဟာမူလ အရှင်
ဖူးငုံဘဝမရောက်ခင်
အမြတ်တနိုး
ကြင်နာခဲ့သူပါ။

လေဒဏ်မိုးဒဏ်
ကြံ့ကြံ့ခိုင်အောင်
အားပေးခဲ့သူ
ယုယခဲ့သူပါ။

ဖူးငုံပွင့်ဝေ
ပန်းတွေရယ်ဝေလို့
ကြည်နူးခဲ့ရသူ
မထိရက်ခဲ့သူ
မြတ်နိုးခဲ့သူပါ။

ပန်းသတင်း
လေညှင်းဆောင်တော့
ပျားပုတုန်းရယ်
ရစ်ဝေဝိုင်း
အင်း..ခုတော့……
ငါ့အတွက်မဟုတ်ပြီလေ။

In: ကဗျာ Posted By: Date: Oct 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment