Professional Authors

ပန်းသခင်

တိတ်တခိုးနဲ့
ကြိတ်ပျိုးခဲ့မိတဲ့ ငါ့အချစ်ပန်း
သံယောဇဉ် ဥယျာဉ်ကြီးထဲမှာပဲ
ငြိုးငယ်စေရော့သလား။

ပန်းသခင်ကိုမျှော်လင့်
အော်ဟစ်ခဲ့တဲ့ ညနေခင်းတိုင်းကို
ထပ်ခါမတွေ့တော့ချင်
ဆက်ကာ ငံ့လင့်စေရော့သလား။

ပန်းဘ၀မို့
အရှင်ကမ်းလင့်လေမှ
အစဉ် လန်းပွင့်မှာမို့
သြော်…..ထပ်တောင်မချစ်ဝံ့တော့ပါလား။။။။။။

ကြက်ခြေခတ်

In: ကဗျာ Posted By: Date: Aug 3, 2010
Comment #1

ဒီကဗျာကိုပြောတာလား ဟင် …
ဘာလို့ထပ်မချစ်ရဲရမှာလဲ….တစ်ချိန်ချိန်တော့တွေ့မှာပါ
စိတ်ရှည်ရှည်နဲ့စောင့်နော်…….

commentinfo By: Phyu Lay at Aug 3, 2010
Comment #2

ဟုတ်ဘူး……ထားလိုက်ပါတော့….ဒီကဗျာက ကဗျာသက်သက်ပါပဲ……ဖြစ်နေတာကိုရေးထားတာဟုတ်ဘူး…..ဟီး 🙂

commentinfo By: ကြက်ခြေခတ် at Aug 3, 2010
Comment #3

ကောင်းပါတယ်…ဒီကဗျာလေးလည်း…….

commentinfo By: Phyu Lay at Aug 4, 2010
Comment #4

ကောင်းမှာပေါ့….ငါရေးထားတာပဲကို 😛

commentinfo By: ကြက်ခြေခတ် at Aug 4, 2010
Comment #5

အော်သိဘူးလေ…ခံစားချက်ထင်လို့ပါ…..

commentinfo By: Phyu Lay at Aug 4, 2010
Comment #6

ခံစားပြီးတော့တော့ ရေးထားတာပဲလေ….

commentinfo By: ကြက်ခြေခတ် at Aug 4, 2010
Comment #7

ပန်းဘ၀မို့
အရှင်ကမ်းလင့်လေမှ
အစဉ် လန်းပွင့်မှာမို့
သြော်…..ထပ်တောင်မခူးရက်ဘူး .လှလွန်းလို့ နော်………..
ကဗျာကနဲနဲပေါ့သလိုပဲ
ဖတ်ရင်တော့နဲနဲဆားလေးထည့်ြီ့းဖတ်အုံးမှနော်

commentinfo By: ayayethi at Aug 10, 2010
Comment #8

ဟုတ်ကဲ့..ဝန်ခံပါတယ် ၉ တန်း ၁၀ တန်းတုန်းက ကဗျာစရူးတုန်းက ရေးထားတာ အမှတ်တရမို့တင်ထားတာပါ…ကိုယ့်ဘာသာလဲ တော်တော်ကြိုက်မိသွားလို့……စာသားထက် ကာရံအသားပေးများသွားတာ…..အဲဒီ့တုန်းက ကာရံတွေ ရူးစပေါ့….ကဗျာရဲ့ အဓိပါယ်က ရှင်းရှင်းလေးပါ…တိတ်တခိုးနဲ့ မျှော်လင့်ပြီး ပွင့်နေတဲ့ ပန်းတစ်ပွင့် ကို တစ်ဖက်သတ်ချစ်နေတဲ့ လူနဲ့ နှိုင်းပြီးရေးထားတာပါ…. Thanks for ur suggestion : )

commentinfo By: ကြက်ခြေခတ် at Aug 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment