Professional Authors

ကျုပ် မျှော်နေပါတယ်….ဘယ်သူများ ပြောမလဲလို့(ပညာရေး)

        မြန်မာ့နိုင်ငံမှာ လက်ရှိနိုင်ငံရေးအရ လူတော်တော်များများက နိုင်ငံရေးဆိုမှ နိုင်ငံရေးအကြောင်းတွေပြောနေလိုက်ကြတာများ……ဒါပေမယ့် သိပ်အားမရဘူးဗျာ ကြားချင်တာတွေမကြားရလို့…
မဲဆွယ် စည်းရုံးတဲ့သူတွေလည်းပြောတော့ပြောပါတယ် ဘာပြောသလဲဆိုရင် ဘာမှမပြောဘူး…..နိုင်ငံတစ်ကာမှာ မဲဆွယ်တယ်ဆိုတာလူတစ်ကာသွားတဲ့ လူသွားလမ်းဘေးမှာ စဉ်ထိုး ပြောချင်တာဟောပြော. နားထောင်ချင်တဲ့သူက နားထောင် မရှင်းတာ မကြိုက်တာရှိရင် အပြန်အလှန် ငြင်းခုန် ဆွေးနွေးတောင်းဆိုကြတယ်…နေ့သစ်ကြည့်ဖူးတဲ့ စလောင်းမှာ လွှင့်တဲ့ မဲဆွယ် စည်းရုံးပုံကိုပြောပါတယ် အခုများတော့ ပြောတော့ပြောပါတယ် ဒါပေမယ့် ဘာမှ မပြောဘူးဗျာ …..ထားပါတော့
        ဘယ်သူမှ မပြောရင် နေ့သစ်ပြောမယ်
    

မြန်မာနိုင်ငံအတွက် အမှန်တစ်ကယ်လိုအပ်နေသော ပညာရေး
         ပြောပါတယ် မဲဆွယ်စည်းရုံးနေတဲ့ အမတ်လောင်းတစ်ချို့က ပညာရေးကို ဒီထက်ပိုပြီး အဆင့်မြှင့်ဖို့
ဘယ်လို…..ဘယ်ပုံ မြှင့်တင်ပေးမယ်ဆိုတာ ဘယ်သူက ဘယ်နေရာမှာ ဘာပြောသလဲ ….အမှန်တိုင်းပြောပါ..သိချင်ပါတယ် နေ့သစ်
မကြားမိပေမယ့် ခင်ဗျားတို့များကြားမိသလားသေးလားဆိုတာ……….ထားပါတော့
             ကျုပ် အကြားချင်ဆုံးစကား
 လွှတ်တော်အမတ် ဖြစ်ခဲ့ရင် လက်ရှိပညာရေးကို ဒီထက်ပိုပြီးကောင်းအောင်လုပ်မယ်ဆိုတာ အကြောင်းကု
ဘွဲ့ရပြီး စာမတက်တဲ့သူတွေ..ဘွဲ့ရပြီး အလုပ်အကိုင် အခွင့်အရေးရှားပါးနေတာတွေကို ကောင်းအောင်လုပ်တာ အကျိုးကု
သိမှာပါ ရောဂါတစ်ခုဖြစ်လာရင် ဘယ်လိုကုရတာဆိုတာ…..ဖြစ်နေတာက ဗိုက်ထဲက ကလီဆာတွေ မကောင်းတာကို
အပြင်ဘက်မှာ ဒဏ်ကျေလိမ်းဆေးလိမ်းရုံနဲ့ ဘာဖြစ်လာမလဲ……ကလီဆာတွေမကောင်းတာက အကြောင်း
ီအရေပြားပေါ်က ဒဏ်ရာတွေက အကျိုး……ရောဂါဆိုတာဖြစ်လာရင် အကြောင်းကော အကျိုးနှစ်ခုစလုံးကု ကုမှ ရမယ်……
             လွှတ်တော်အမတ် ဖြစ်ခဲ့ရင် လက်ရှိပညာရေးကို ဒီထက်ပိုပြီးကောင်းအောင်လုပ်မယ်ဆိုတာ အကြောင်းကု၊ နောင်ကာ
လအတွက် ကောင်းတာပေါ့ ဆယ်နှစ်လောက်ထပ်စောင့်ရမယ်….ဘယ်သူကမှ အကျိုးကု ကုဖို့မပြောသေးဘူး…….
လက်ရှိမှာ ဘွဲ့ရပြီး စာမတက်ပေမတက်တဲ့သူတွေ၊ လုပ်ငန်းခွင် တိုက်ရိုက် သုံးစားလို့ မရသေးတဲ့သူတွေကို ဘာလုပ်ပေးဖို့လိုသလဲ
ဟိုတလာက လွှတ်တော်မှာ အခြေခံပညာရေး၊အထက်တန်းပညာရေးတွေမှာ ကွန်ပြူတာ အသုံးပြုနိုင်ရေးကို ဘာသာရပ်တစ်ခုအနေ
နဲ့သင်ကြားပေးဖို့ ထဲ့သွင်းဆွေးနွေးသွားတာ အားရစရာပါ…ဒါပေမယ့် လက်ရှီဘွဲ့ရပြီးသား၊မဟာတန်းတက်နေသူများ နှင့် ဒေါက်တာ
ဘွဲ့အတွက် သီးဆစ်တင်မယ့်သူတွေ …သနားဖို့ကောင်းတာက ဘွဲ့နာမည်နဲ့လိုက်အောင် စာတကယ်မတက်တာပဲ…..
သူတို့တွေကို လုပ်ငန်းခွင်မှာ လက်တွေ့ ခိုင်းစားလို့ရအောင် အသုံးချလို့ရအောင်လုပ်ဖို့ အရင်လိုနေပါတယ်……ကိုယ်တွေ့ တစ်ခုကို
ပြောရရင် နယ်မြို့တစ်ခုကလာတဲ့ သူငယ်ချင်းတစ်ယောက်ဆိုရင် ကွန်ပြူတာ ဂုဏ်ထူးတန်းတက်ခါနီးမှာ (ရန်ကုန်ရောက်လာတယ် ၊ ဒီရောက်မှ ကွန်ပြူတာ ဘေ့စ်စစ်တက်ရတယ်)။အခုဆိုရင် ဒေါက်တာဘွဲ့အတွက် သီးစစ် တင်ဖို့ ကြိုးစားနေတယ် ၊တကယ်တော့   ဒေါက်တာဘွဲ့ အတွက် အရည်အချင်းမရှိသေးဘူး……ဖြစ်သင့်တာက အထက်တန်းမှာ ကွန်ပြူတာ သုံးနိုင်အောင် သင်တာသလို
ဘွဲ့ရပြီးသား ဘွဲ့လွန်တွေအတွက်လည်း မွမ်းမံ သင်တန်း အမြန်ဆုံး ဖွင့်ဖို့ လို့အပ်နေပါတယ်။တစ်နှစ်လောက် အချိန်အတွင်း လုပ်ငန်းခွင် လက်တွေ့ သုံးစားလို့ရအောင်မွမ်းမံသင်တန်းကို အစိုးရအနေနဲ့ အမြန်ဆုံးဖွင့်ဖို့လိုအပ်တယ်ဆိုတာ…   ဒါအကျိုးကိုကုနေတာလေ။ ဒါဟာ ရောဂါတစ်ခုကို ကုရင် အကျိုးရော၊ အကြောင်းပါကုဖို့လိုတယ်ဆိုတာ……

   မြန်မာ့နိုင်ငံရဲ့ ပညာရေးဒီထက်မက ပိုမို ကောင်းမွန်း အောင်မြင်ပါစေကြောင်း
တစ်ဆင့်စကား တစ်ဆင့်နားမှသည် လွှတ်တော် အမတ်များဆီသို့

နေ့သစ်
၃၀.၃.၁၂

In: ကဗျာ Posted By: Date: Mar 30, 2012
Comment #1

လွှတ်တော် အမတ်များဆီသို့

ရောက်ပါစေ…ကြားပါစေ…ကျွန်တော်လည်း မျှော်လင့်ပါတယ်
……………………………….
နေ့သစ်ရေးပါဦးဗျ
မျှော်နေတယ်ဗျို့

commentinfo By: အသဲကွဲ မိုး at Apr 20, 2012
Comment #2

ဟုတ်ကဲ့ ……နောက်လည်း အားပေးပါဦး
နေ့သစ် ….return ….
return …..နေ့သစ်……

commentinfo By: nate thit at Oct 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment