Professional Authors

ငပိန်း

  • နင့်ရဲ့ ရာသီဥတု အတွက်
  • ငါ အရောင်ပြောင်းခဲ့ ရတာတွေလည်း
  • ခဏခဏပဲလေ ….
  • ဒါကို .. အထာမနပ်ဘူးတဲ့ .. လား ..
  • နင့်ရဲ့ အပြုံး တစ်ချို့ ကြောင့်
  • ငါ အယူတိမ်းပီး နတ်စိမ်းဖြစ်ခဲ့ရတာလည်း
  • အကြိမ်ကြိမ်ပဲလေ …
  • ဒါကို အထူအပါး နားမလည်ဘူးတဲ့ .. လား ..
  • နင့်ရဲ့ ခေတ်ပေါ် လှော်လီမှုတွေအတွက်
  • ငါ .. အိပ်ချင်ယောင် ဆောင်ခဲ့ရတာလည်း
  • မရေမတွက်နိုင်အောင်ပဲလေ …
  • ဒါကို ကျွဲပါးစောင်းတီး ဖြစ်တယ်တဲ့ .. လား ..
  • ဟုတ်ပါတယ် …
  • ငါက ငပိန်းတစ်ကောင် ပါ …
  • မင်း .. ဘာပြောပြော .. ဘာပဲလုပ်လုပ် …
  • ခေါင်းပဲညိတ်တတ်ခဲ့တာ တစ်ခုပဲ …
  • ငါ တော်ခဲ့တာ နေမှာ …..
In: ကဗျာ Posted By: Date: Oct 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment