Professional Authors

တိုလီမုတ်စ – ၂ ( ကြားဖူးတဲ့ ဟာလေးတွေလည်းပါပါတယ်)

  • ဓါတ်ပုံဆိုတာဟန်ဆောင်မှုတွေ အကုန်လုံးကို စက္ကူတစ်ချပ်ပေါ်မှာ ဆေးရောင်ခြယ်သလို ခြယ်ထားတာပဲလေ … ဘာတစ်ခုမှ အစစ်အမှန် မပါဘူး …
  • နင် စိတ်ညစ်တဲ့ အချိန်တိုင်းမှာ ငါ အမြဲတမ်း ရှိနေချင်တာပေါ့ … ဒါပေမယ့် …နေချင်တဲ့ ငါ့ဆန္ဒတစ်ခုတည်းအတွက်နဲ့တော့ .. နင့်ကို စိတ်မညစ်စေချင်ဘူးဟာ …….
  • “ငါ ပြုစားခံလိုက်ရတာ ..” ဆိုတဲ့ စကားတစ်ခွန်းမှာ …. Subject လုံးဝမပါဘူး … အဲသလောက်ထိ ငါ မြတ်နိုးတာ ….
  • ရတုန်း အကုန်ယူတတ်တဲ့ သမီးရည်းစားတွေ ချစ်တတ်ပုံမျိုးနဲ့  ….. အင်းလျားကန်ပေါ် လေညှင်း မခံချင်ဘူး ….
  • ဘာသာဗေဒ မလိုတဲ့ မျက်ဝန်းတွေ အတင်းအဓမ္မ ရိုးသားလို့ ………………
  • ငါ့ကို မပစ်တဲ့ ကျည်ဆံတစ်တောင့်ရှေ့ တည့်တည့်တိုးဝင်မိတယ် ……
  • ဖုန်းခွက်ထဲက ကတိအခွံတွေလည်း စိတ်တစ်ကိုယ်စာ မလန်းဆန်းခဲ့ဘူး ……
  • မင်းသင်ပေးတဲ့ ပညာတွေမှာလည်း … မျက်ရည်ကျနည်းတွေပေါ ……
  • မင်းနဲ့တွေ့တဲ့ အချိန် “ ငါ ” ခွေးတစ်ကောင်ဖြစ်ချင်ခဲ့တာ အမှန်ပဲ …မင်းသလုံးသားလေးက အရမ်းလှတယ် …. လေ …
  • ငယ်ကတည်းက လိုက်ပွဲ မှာပီး စားတတ်တဲ့ အကျင့် ရှိတာ … မင်းမှမသိတာ … ရော် … အခု … မင်းညီမကိစ္စ ငါ့ဘက်က ဘာပြောရဦးမှာလဲ ..!!!!!!!!!
  • ကဗျာတွေ စိတ်ရင်းကောင်းခဲ့ ကြပေမယ့် …………..
  • ပယ်အပ်သော သမုဒယကို ကဗျာအဖြစ် ကျွန်ုပ် စွန့်ပယ်ခဲ့ပါသည် ….
  • ရေငုံနှုတ်ပိတ်နေရတဲ့ဘ၀ …. ဘ၀နဲ့ချီပီး ရင်မောနေရမယ့် အဖြစ်  …. အကျိုးပေးညံ့တယ်လို့ပဲ သဘောထားပါတယ် …
  • အာဒံ ဧ၀ တို့က ဝေးပါတယ် ….. နီးနီးနားနား … အဖေတို့အမေတို့လောက်ပဲ ချစ်ကြရအောင် …. နော့ 
  • တစ်ဘ၀လုံးမြင်းစီး ယောက်မကြီး မကျိုးမချင်း မိုးမလင်းပါစေနဲ့ ဘုရား …………………….
  • လက်လုပ်လက်စားပေမို့လားမသိ ….. လောကဓံရှစ်ပါးက အလျားလိုက်ဖြတ် ဒေါ်င်လိုက်ဖြတ် … ခေါက်တုံ့လူးလာ ကူးကလန်ခတ် … တစ်ပါးပီးတစ်ပါး မကြာခဏ … ခဏမကြာ  ….. လမ်းကြောင်းကျပီးရင်း … ကျ ..ကျ ……
  • ကြွေးဟောင်းကို အမေ မတောင်းပေမယ့် …. လက်ညိုးပေါင်းများစွာက ဓါး(ဒါး) …. မျက်နှာပေါ်တောင်ယာ ခုတ်ပစ် …. ဘာတွေများ စိုက်ဖြစ်ပျိုးဖြစ်ကြမလဲ …. ကြမလို့လဲ ……..
In: ကဗျာ Posted By: Date: Oct 17, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment